၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ရမည်းသင်း၊မြင်းခြံ လှည့်လည်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့အဖွဲ့ဟာ ဒီကနေ့ ရမည်းသင်းနဲ့ မြင်းခြံဘက်ကို ခရီးလှည့်လည်နေပြီး ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းရဲ့ အခြေခံသဘောတရားတွေကို လိုက်လံ ဆွေးနွေးနေကြောင်းသတင်းရရှိပါတယ်။

ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းက မန္တလေးကနေ ထွက်ခွါလာပြီး၊ ရမည်သင်းမြို့နယ် ရွှေဒါးရွာမှာ ရွှေညဝါဆရာတော်ရဲ့ ဘုရားထီးတင်ပွဲကိုသွားရောက်အားပေးခဲ့ပါတယ်။ အဲဒီနောက် မြင်းခြံဘက်ကို ဆက်လက်ထွက်ခွါခဲ့ပါတယ်။

ဒါ့အပြင် တောင်သာ၊ ပျော်ဘွယ် စတဲ့မြို့တွေကိုလည်း ဝင်ရောက်ပြီး မြို့ခံပြည်သူတွေ၊ ဒီမိုကရေစီလိုလား သူတွေနဲ့တွေ့ဆုံစကားပြောခဲ့ပါတယ်။

မနက်ဖြန် ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာ မန္တလေးက နိုင်ငံရေး၊ လူမူရေးအဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီး၊ လက်ရှိဖြစ်ပေါ်ပြောင်းလဲလာတဲ့ အခြေအနေအောက်မှာ ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းတစ်ရပ်ကို ဘယ်လိုဝိုင်းဝန်း တည်ဆောက်သွားကြမလဲဆိုတဲ့ အခြေခံအယူအဆတွေကိုဆွေးနွေးသွားမယ်လို့ ကျောင်းသားခေါင်းဆောင်ကိုဂျင်မီက ရှင်းပြခဲ့ပါတယ်။

ဒီကနေ့ ခရီးစဉ်အတွင်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် စုစုပေါင်း ၃၁ ဦးလိုက်ပါသွားတယ်လို့ သိရပါတယ်။