မြန်မာအပေါ် ဖိအားပေးဖို့ တရုတ်ကို လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

2010-09-06

မနက်ဖြန် အင်္ဂါနေ့ကစပြီး တရုတ်နိုင်ငံကို ၄ ရက်ကြာ ချစ်ကြည်ရေးခရီး ရောက်လာမယ့် မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံက ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးတယူ ဖြေရှင်းရေးနဲ့ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတအောင် ကျင်းပရေး ဖိအားပေး ပြောကြားဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တရုတ်အစိုးရကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

AFP

မြန်မာခေါင်းဆောင်တဦး လာရောက်စဉ်အတွင်း တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ တိန်အန်မင်ရင်ပြင် ပြည်သူ့ခန်းမကြီးရှေ့တွင် တရုတ်နှင့် မြန်မာအလံများ လွှင့်ထူထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် အနေနဲ့ မြန်မာနိုင်ငံမှာ အတုအယောင် ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ လူ့အခွင့်အရေး ပြဿနာတွေကို ဥပေက္ခာ ပြုခြင်းအားဖြင့် မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေကို အားပေးအားမြောက် မလုပ်သင့်ကြောင်း၊ တရုတ်အစိုးရ အနေနဲ့ မြန်မာကိစ္စကို ဟန်မပျက် ဆက်ဆံနေတာထက် တခြား နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာ စစ်မှန်ပြီး ရေရှည်တည်တံ့မယ့် နိုင်ငံရေး အပြောင်းအလဲ ဖြစ်အောင် ဆောင်ရွက်သင့်ကြောင်း HRW အဖွဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး ဆိုဖီရစ်ချတ်ဆန်က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ မူဝါဒ ရပ်တည်ချက်ဟာ တာဝန်သိ သိက္ခာရှိတဲ့ ကမ္ဘာ့ အင်အားကြီးနိုင်ငံ ဖြစ်ရစေမယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ အပြောတွေနဲ့ မညီတာ တွေ့ရကြောင်း၊ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို ထောက်ခံတာကနေ မြန်မာ ပြည်သူတွေကို ပြောင်းလဲ ထောက်ခံခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား ပိုခိုင်မာစေနိုင်ကြောင်းလည်း HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အောက်ပါပုံစံကို ဖြည့်စွက်ပြီးလျှင် မှတ်ချက်များ ရေးသားနိုင်ပါသည်။ မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။






ပုံမှာ မြင်ရသည့် စာလုံးများအတိုင်း ထည့်သွင်းပေးရပါမည်။



ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

တရုတ်အစိုးရ သဘောထားအပေါ် ဦးအောင်ကျော်ဇောနဲ့ မေးမြန်းချက်

မြန်မာ့ သယံဇာတ ရောင်းဝယ်ရေး ဆက်ပိတ်ဖို့ လိုကြောင်း HRW ပြော

ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည် အခြေအနေ အလွန်ဆိုးရွားနေ

မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော

တရုတ်နိုင်ငံ ထဲရောက် ကချင် စစ်ပြေးဒုက္ခသည်တွေ ထောက်ပံ့မှု မလုံလောက်

အရေးတကြီး ဖြေရှင်းစရာ လူ့အခွင့်အရေးအခြေအနေတွေ ကျန်နေဆဲ

လူ့အခွင့်အရေး ကော်မရှင် အကျဉ်းသားဘဝမှန် မတွေ့ခဲ့

လူ့အခွင့်အရေး ရှေ့နေ ဦးမြင့်သွင် လိုင်စင် ၃ နှစ် အပိတ်ခံရ

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင် သိရအောင် တွေ့တာလို့ တရုတ် ဆို

တရုတ် မြန်မာ ဆက်ဆံရေး ထိခိုက်ဖို့ အမေရိကန် မလိုလား