ဦးညီညီလွင်ကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ (၄၄၈)၊ အကျိုးဖျက်ဆီးမှု ပုဒ်မ (၄၄၇)၊ ပုဒ်မ(၄၅၄) တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ သင်္ဃန်ကျွန်းမြို့နယ် ရဲစခန်းက အမှုဖွင့်ထားတယ်လို့ သိရပြီး မိသားစုက ထပ်မံ စုံစမ်းချက်အရ သန်လျှင်မြို့နယ်မှာလည်း ပြစ်မှုကျူးလွန်တာမျိုးရှိတယ်ဆိုပြီး အဲဒီကို ထပ်မံခေါ်ဆောင်သွားတာလို့ ဦးညီညီလွင်ရဲ့ မိသားစုဝင် ကိုအောင်ကျော်ကျော်က အခုလို ပြောပါတယ်။
"သင်္ယန်းကျွန်းရဲစခန်းမှူး ရဲအုပ်သန်းဇော်ဦး ဦးဆောင်တဲ့ ၁၅ ယောက်အဖွဲ့က လာဖမ်းတာပါ၊ မနက်ကျတော့ ကျွန်တော်တို့က သင်္ယန်းကျွန်းရဲစခန်းကိုသွားတော့ စခန်းမှူးက ဦးဂမ္ဘီရကို ပုဒ်မ သုံးခုနဲ့ အမှုဖွင့်ထားတယ်ပြောတယ်၊ ဒီတော့ ကျွန်တော်တို့က တွေ့ချင်တယ်ပြောတော့ သန်လျင်ရဲစခန်းကို လွဲအပ်ထားပါတယ်လို့ပြောတယ်၊ သန်လျင်ရဲစခန်းသွားတော့ ရဲအုပ်မြင့်ကျော်က ပုဒ်မတွေတော့ တိတိကျကျမပြောပေမယ့် ပိုင်နက်ကျူးလွန်မှုနဲ့ ညတွင်းချင်းပဲ အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ ပြောတယ်"
ဆေးဝါးကုသမှုခံယူဖို့၊ နိုင်ငံတကာ သံတမန်တွေနဲ့ တွေ့ဆုံဖို့အတွက် ရန်ကုန်ကိုရောက်ရှိနေချိန်မှာ အခုလို အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
အခုလို ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဦးညီညီလွင်ဟာ ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတော်တစ်ပါးဖြစ်ပြီး တော်လှန်ရေးအပြီးမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ၂ဝ၁၂ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ မြောင်းမြအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။
