ကျောက်မျက် အရောင်းပြပွဲ ရောင်းအားကျ

နေပြည်တော်မှာ ၁၃ ရက်ကြာကျင်းပခဲ့တဲ့ ကျောက်မျက်ရတနာအရောင်းပြပွဲမှာ ဒီနှစ်အတွက် အမေရိကန် ဒေါ်လာ သန်း ၁ ထောင်ဖိုး ရောင်းချခဲ့ရပေမဲ့၊ ဒီပမာဏဟာ မနှစ်က ရောင်းအားထက် ၃ ဆခွဲလောက် ထိုးကျသွားတာဖြစ်တယ်လို့သိရပါတယ်။

အခုလိုရောင်းအားထိုးကျသွားတာဟာ ဒီနှစ်မှာ ပုလဲနဲ့ပတ်သက်လို့ လေလံတင်ရောင်းချတာ မရှိသလို၊ ကျောက် စိမ်းရောင်းအားကျတာလည်း ပါဝင်တယ်လို့ မြန်မာ့ကျောက်မျက်ရတနာအသင်း တာဝန်ရှိသူတစ်ဦးက ပြော ဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖေါ်ပြပါတယ်။

မနှစ်ကကျင်းပခဲ့တဲ့ ၅၁ ကြိမ်မြောက် ကျောက်မျက်ရတနာအရောင်းပြပွဲမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ထောင့် ၄ ရာဖိုး ရောင်းချခဲ့ရပါတယ်။ ဒီနှစ်မှာ တရုတ်၊ ဟောင်ကောင်၊ ထိုင်းနဲ့ ဂျပန်က ကုန်သည် ၄ ထောင်ဝန်းကျင် ရောက် လာခဲ့တယ်လို့ သိရပါတယ်။

ကျောက်မျက်ရတနာအရောင်းပြပွဲကို ၁၉၆၄ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။