မိတ္ထီလာမှာ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက် ဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးအုန်းကြိုင် ဦးဆောင်တဲ့ အဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၁၀ ရက် ဒီကနေ့ မိတ္ထီလာမြို့မှာ မန္တလေးတိုင်း တောင်ဖက်ခြမ်းရှိ မြို့နယ် အသီးသီးက NLD ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးကြပါတယ် ။

0:00 / 0:00

အဲဒီ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ ရွေးကောက်ပွဲကို သတိကြီးကြီးနဲ့ စောင့်ကြည့်ရေး ၊ မဲမပေးပဲ သပိတ်မှောက်ရေးနဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက NLD အဖွဲ့ချုပ်နဲ့ အတူတူလို့ ပြောဆို စည်းရုံးနေတာတွေကို လူထုအကြား ဖြေရှင်းရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ် ။

ဒီကနေ့ ဆွေးနွေးပွဲကို မိတ္ထီလာမြို့နယ် NLD အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးရဲ့ အိမ်မှာ မြင်းခြံ၊ သာစည်၊ ဝမ်းတွင်း၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ပျော်ဘွယ်၊ ရမည်းသင်းနဲ့ မလှိုင် စတဲ့ မြို့နယ်တွေက NLD အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၀ဝ နီးပါး တက်ရောက်ကြကြောင်း သိရပါတယ် ။

အဖွဲ့ချုပ် ဗဟိုက ချောင်းဆုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ် ၊ ဖားအံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ် နန်းခင်ထွေးမြင့် ၊ ဗဟိုလူငယ်တာဝန်ခံ ကိုမျိုးညွန့်နဲ့ မန္တလေးတိုင်း စည်း ဦးကိုလေးတို့ တက်ရောက်ကြတယ်လို့ သိရပါတယ် ။

ဒီသတင်းနဲ့ ပတ်သက်ပြီး RFA မှ ဦးခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်