မဲမပေးပဲနေနိုင်ခွင့် စာဖြန့်၍ NLD မြို့နယ် အတွင်းရေးမှူး ထိန်းသိမ်းခံရ

2010-09-02

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကို ပန်ကြားထားတဲ့ မဲမပေးချင်ရင် မဲမပေးပဲ နေနိုင်ခွင့်ရှိကြောင်း သဘောထားပါ စာရွက်စာတမ်းတွေကို ဖြန့်ဝေမှုနဲ့ ရန်ကုန်တိုင်း ဒလမြို့နယ်က NLD အတွင်းရေးမှူးတဦးကို စက်တင်ဘာ ၁ ရက် မနေ့က အာဏာပိုင်တွေ ခေတ္တ ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

Image: RFA

၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်း နှိုးဆော်ထားသည့် ပိုစတာတခုပုံ ဖြစ်ပါသည်။ (Image: RFA)

ဒလမြို့နယ်က NLD အတွင်းရေးမှူး ဦးထွန်းရင်ကို ဒလမြို့နယ်ရဲစခန်းက မနေ့က လာရောက် ခေါ်ဆောင်သွားခဲ့တယ်လို့  ဦးထွန်းရင်က RFA ကို ပြောပါတယ်။

ရဲစခန်းမှာ ဖမ်းဆီး စစ်ဆေးနေတုန်း ၂ ကြိမ် မူးလဲခဲ့တဲ့ အတွက် ဒလ ဆေးရုံကို ပို့ခဲ့ရပြီး ဆေးရုံကအဆင်း ဒီကနေ့ မှာ ရဲက ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်း ဦးထွန်းရင်ကို ဆက်သွယ်မေးမြန်းပြီး RFA သတင်းထောက် ကိုအောင်မိုးမြင့် သတင်း ပေးပို့ထားပါတယ်။

သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်

အောက်ပါပုံစံကို ဖြည့်စွက်ပြီးလျှင် မှတ်ချက်များ ရေးသားနိုင်ပါသည်။ မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။






ပုံမှာ မြင်ရသည့် စာလုံးများအတိုင်း ထည့်သွင်းပေးရပါမည်။



ဤသတင်းနှင့်ပတ်သက်၍

နားထောင်ရန်
အသံဖိုင်ယူရန
အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဒီမိုကရေစီ အတွေ့အကြုံနှင့် စာနယ်ဇင်း သင်တန်းပို့ချ

NLD ဗဟိုကော်မရှင် ဖွဲ့စည်း

တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် မဲမသမာမှု ဖော်ထုတ်ခဲ့ခြင်း ဖြစ်တယ်လို့ NLD ပြောဆို

ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေအတွက် NLD ထောက်ပံ့ငွေ ပေးအပ်

တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ မြန်မာပြည်အနာဂတ်

သြစတြေးလျအကူအညီ ထိရောက်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ပြောဆို

NLD က ပညာရေးရန်ပုံငွေ ပေးအပ်လှူဒါန်း

သောက်သုံးရေ ပြတ်လပ်ဒေသ NLD က ရေဖြန့်ဝေပေး

သြစတြေးလျရောက် NLD လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးရာများ လေ့လာ

NLD ဆုံးဖြတ်ချက် ၈၈ ကျောင်းသားများ ကြိုဆို