အမေရိကန်သမ္မတနဲ့ အာစီယံဆွေးနွေးပွဲ မြန်မာ့အရေး ထိပ်ဆုံးက ပါဖို့ရှိ

2010-09-04

လာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့ အမေရိကန်သမ္မတ အိုဘားမားနဲ့ အာစီယံခေါင်းဆောင်တွေ နယူးယောက်မြို့မှာ တွေ့ဆုံတဲ့အခါ အဓိကဆွေးနွေးကြမယ့် အကြောင်းအရာတွေထဲမှာ မြန်မာနိုင်ငံ အရေးကိစ္စလည်း ပါဝင်နိုင်တယ်လို့ သိရပါတယ်။

AFP

အမေရိကန်သမတ ဘာရက် အိုဘားမား။ (Photo: AFP)

ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံ ကျင်းပနေချိန် အတောအတွင်း ပြုလုပ်မယ့် အခု ဆွေးနွေးပွဲဟာ အာစီယံဒေသနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားရဲ့ မူဝါဒရေးရာ သွေးသစ်လောင်းဖို့ ကြိုးပမ်းချက်တရပ် ဖြစ်ပါတယ်။ အမေရိကန် သမ္မတနဲ့ အာစီယံခေါင်းဆောင်တွေ ပြီးခဲ့တဲ့နှစ်က စင်္ကာပူမှာ ပထမအကြိမ် တွေ့ဆုံခဲ့ ပြီးတဲ့နောက် ဒါဟာ ဒုတိယအကြိမ် တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။

အခုတကြိမ် ဆွေးနွေးပွဲမှာလည်း မြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ကိစ္စက အဓိက လွှမ်းမိုးနေမယ့် အလားအလာ ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနရဲ့ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ Ernie Bower က- အခု ဆွေးနွေးပွဲဟာ အာစီယံအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုကို ပိုမိုခိုင်မာစေမယ့် ဆွေးနွေးပွဲဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့ပြင် အမေရိကန်အနေနဲ့ အာစီယံဒေသအတွင်း ထိထိရောက်ရောက် စွမ်းဆောင်နိုင်ဖို့ဆိုရင် တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား စတဲ့ နိုင်ငံကြီးတွေနဲ့ အပြိုင် ဟန်ချက်ညီတဲ့ ဆက်ဆံရေးရှိဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်သမ္မတ အိုဘားမားဟာ ပြီးခဲ့တဲ့နှစ်က အာစီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့အတွက် စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို တိုက်တွန်း ပြောကြားခဲ့ပါသေးတယ်။ မြန်မာ့ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒ ချမှတ်ပြီး ဆောင်ရွက်ခဲ့ပေမယ့် တိုးတက်မှု တစုံတရာ မတွေ့ရတဲ့အပေါ် အမေရိကန်ဘက်က စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့အချိန်မှာပဲ အခု အမေရိကန် သမ္မတနဲ့  အာစီယံခေါင်းဆောင်တွေ ဒုတိယအကြိမ် တွေ့ဆုံဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

အောက်ပါပုံစံကို ဖြည့်စွက်ပြီးလျှင် မှတ်ချက်များ ရေးသားနိုင်ပါသည်။ မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။






ပုံမှာ မြင်ရသည့် စာလုံးများအတိုင်း ထည့်သွင်းပေးရပါမည်။



ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

အမျိုးသမီးရေးရာ အမေရိကန် သံအမတ်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

ကမ္ဘာ့ အမျိုးသမီးရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး Melanne Verveer မြန်မာနိုင်ငံကို သွားမည်

ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ စတင်ဖို့ အမေရိကန် ပြင်ဆင်

အမေရိကန်ပေးတဲ့ အကူအညီမှာ အကြွေးကတ်စနစ် ပါဝင်ဖွယ်ရှိ

မြန်မာအပေါ် ပိတ်ဆို့မှု တချို့ရုပ်သိမ်းရေး အမေရိကန် စတင်ပြင်ဆင်

အမေရိကန် သံအမတ်သစ် အမြန်စေလွှတ်ဖွယ်ရှိ

မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို

အီးယူနဲ့ အာဆီယံ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေစေလွှတ်

မြန်မာနိုင်ငံကို လာမယ့် ဆယ်စုနှစ်မှာ အခုထက်သာစေချင်