ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို တာဝန်ကနေ နှုတ်ထွက်ပေးဖို့ ဒေသခံ ၃၀၀ ခန့်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကိုသာ လုပ်ကိုင်နေပြီး အုပ်ချုပ်ရေးမှူးတစ်ယောက်ရဲ့ တာဝန်တွေ ပျက်ကွက်နေတဲ့အတွက် တာဝန်ကနေနှုတ်ထွက်ပေးဖို့ ဆန္ဒပြရတာဖြစ်တယ်လို့ ဒေသခံ ကိုခင်ထွေးက ပြောပါတယ်။
"အုပ်ချုပ်ရေးမှူးက နိုင်ငံတော်ကချပေးတဲ့ သိန်း ၄ဝ ကို သူကမပြောပဲနဲ့ မြို့နယ်ကိုလည်း အသိမပေးပဲနဲ့ ထိမ်ချန်ထားတယ်၊ ရပ်ကွက်ဖွံ့ဖြိုးရေးလည်း သူ့ရဲ့ခေါင်းထဲမှာမရှိဘူး၊ ရုံးရှေ့မှာလည်း ကားတွေက တစ်နေ့တစ်နေ့ ၃၊ ၄ စီးနဲ့ အိမ်ခြံမြေရောင်းဝယ်တာ အဓိကဦးစားပေးလုပ်တာကို တစ်ရပ်ကွက်လုံး သိရှိပါတယ်၊ အဲ့အတွက်ကြောင် ဆန္ဒပြတာပါ"
ရွှေပြည်သာမြို့နယ်အတွက်ရရှိမယ့် လွှတ်တော်ကချပေးတဲ့ ဒေသဖွံံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ထဲက ၁၃ ရပ်ကွက်မှာ လုပ်ကိုင်မယ့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက လုပ်ကိုင်ခြင်းမရှိဘဲ ပျက်ကွက်နေတယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။
