ဒု ပင်လုံညီလာခံကို တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တက်ရောက်ဖို့ အစိုးရ နည်းလမ်းရှာနေ

0:00 / 0:00

အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ AA, TNLA နဲ့ MMDAA တပ်ဖွဲ့တွေကို ၂၁ ပင်လုံညီလာခံ တက်ရောက်နိုင်ဖို့အတွက် နည်းလမ်းရှာဖွေဆွေးနွေးသွားမယ်လို့ ညီလာခံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ ၂ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ဒီကနေ့ ပြောပါတယ်။

ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ငြိမ်းချမ်းရေးစင်တာမှာ ကျင်းပတဲ့ ဆပ်ကော်မတီ အစည်းအဝေး ဒုတိယနေ့အပြီးမှာ ဦးလှမောင်ရွှေက ပြောခဲ့တာဖြစ်ပါတယ်။

"၃ ဖွဲ့ကိုတော့ လက်ရှိအစိုးရဘက်က ချဉ်းကပ်မှုတွေရှိတယ်၊ ဒါတွေ သူတို့ကို ကျနော်တို့ ရှင်းပြမယ်၊ ရှင်းပြပြီးတော့ ဒီရှင်းပြချက်ထဲကပဲ သူတို့အနေနဲ့ နည်းလမ်းတွေ ရှာနိုင်မလားဆိုတာကိုတော့ သူတို့စဉ်းစားမယ်"

ဝ နဲ့ မိုင်းလား အဖွဲ့တွေကိုလည်း ညီလာခံအကြောင်း ရှင်းပြဖို့အတွက် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်ပြီး လာမယ့်အပတ်ထဲမှာ သွားရောက်ဆွေးနွေးဖို့လည်း ရှိနေပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးအတွက် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ပြင်ဆင်ချက်တွေနဲ့ ပတ်သက်ပြီး အပစ်ရပ်လက်မှတ်မထိုးထားသေးတဲ့ အဖွဲ့တွေနဲ့ပါ ပူးပေါင်းဆွေးနွေးဖို့ ဖိတ်ခေါ်ထားတယ်လို့ ဦးလှမောင်ရွှေ ကပြောပါတယ်။

ညီလာခံကျင်းပနိုင်ရေးဆပ်ကော်မတီအစည်းအဝေးရဲ့ ဆွေးနွေးချက်တွေကို နိုင်ငံတော်အတိုင်အပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဆီကို တင်ပြထားတယ်လို့လည်း ပြောပါတယ်။

ဆပ်ကော်မတီအစည်းအဝေးကို နောက်ထပ် ၂ ရက် ကျင်းပသွားမှာဖြစ်ပါတယ်။

ညီလာခံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ ၂ အတွင်းရေးမှူး ဦးလှမောင်ရွှေ ကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တွေ့ဆုံမေးမြန်းထားပါတယ်။

သူတို့ကို