ဗကသအဖွဲ့ဝင်တွေရဲ့မိဘတွေ ထောက်လှမ်းရေးက ဖိအားပေး

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် လားရှိုးမြို့က အဖွဲ့ဝင်တွေရဲ့ မိဘတွေကို SB ရဲထောက်လှမ်းရေးက မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ပြီး သားသမီးတွေကို ဗကသ အဖွဲ့ချုပ်ကနေ နှုတ်ထွက်အောင် ဖိအားပေးနေတယ်လို့ သတင်းရရှိပါတယ်။
2012-07-13
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
abfsu-kyaw-ko-ko-b305
ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို
RFA

ဒါကြောင့် မိဘတွေရဲ့ စီးပွားရေး ထိခိုက်မှာ စိုးရိမ်တဲ့အတွက် ကျောင်းသား ၄ ယောက်က နှုတ်ထွက်မယ်လို့ ကတိပေးလိုက်ရတဲ့အကြောင်း ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို က RFA ကို ပြောပါတယ်။

"ကျောင်းသား ၄ ယောက်က ကတိပေးလိုက်တဲ့ အခြေအနေမှာ သူတို့က ဒီ ၄ ယောက် နုတ်ထွက်ရုံနဲ့ မပြီးသေးဘူး။ တစ်ဖွဲ့လုံးကို ဖျက်သိမ်းပစ်ရမယ် ဆိုတဲ့အထိ ခြိမ်းခြောက်လာတယ်။ အဲတော့ ကျောင်းသား တော်တော်များများက အဲဒီအဆင့်ကို လုံးဝ လက်မခံနိုင်ဘူး။ သူ့သဘောနဲ့သူ နုတ်ထွက်တဲ့သူ ရှိချင်ရှိပါစေ၊ ဗကသကို ဖျက်သိမ်းပေးရမဲ့ အဆင့်ထိတော့ လားရှိုးမှာ တောင်းဆိုတာတော့ ကျောင်းသားတွေ တော်တော်များများက မကျေမနပ် ဖြစ်နေကြတယ်ခင်ဗျ။ ကျွန်တော်တို့ကို ဒီကိစ္စကို လှမ်းပြီး အကြောင်းကြားပါတယ်ခင်ဗျ"

အလားတူ မကွေးမြို့က ဗကသများ အဖွဲ့ချုပ်ဝင်တွေကိုလည်း ဆရာတွေက ခေါ်ယူသတိပေးတာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီကာလမှာပဲ ထားဝယ်မြို့နယ်နဲ့ တွံတေးမြို့နယ်တွေမှာ ဗကသများ အဖွဲ့ချုပ် မြို့နယ်ခွဲတွေ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ကိုကျော်ကိုကိုနဲ့ RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်