ထိုင်းနဲ့မြန်မာ အတွေ့အကြုံ ဖလှယ်ကြ

2012-02-18

မြန်မာနိုင်ငံကို ရောက်နေတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဟာ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ဒီကနေ့ ညနေက လာရောက်တွေ့ဆုံပြီး မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

AFP

၂ဝ၁၂ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် (ဝဲ- ဒုတိယ) နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံအပြီး သတင်းထောက်များနှင့် စကားပြောစဉ်။

ဒီဆွေးနွေးပွဲမှာ ဒီမိုကရေစီ အကူးအပြောင်း ကာလကို ထိုင်းနိုင်ငံက ဘယ်လိုဖြတ်သန်းခဲ့တယ်၊ မြန်မာနိုင်ငံကလည်း ဘယ်လို ဖြတ်သန်းနေရတယ် ဆိုတဲ့ အတွေ့အကြုံတွေကို ဖလှယ်ခဲ့ကြကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ကလည်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေဟာ ဒေသတွင်း တည်ငြိမ် ငြိမ်းချမ်းရေးအတွက် အရေးပါတယ်လို့ ပြောပါတယ်။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲဟာ အနာဂတ် ကာလအတွက် အရေးကြီးသလို ဒေသတွင်း နိုင်ငံတွေအတွက်လည်း အရေးပါကြောင်း၊ မိမိတို့ ထိုင်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံ ဖြစ်တာနဲ့အညီ မြန်မာပြည်ရဲ့ ငြိမ်းချမ်းသာယာ ဝပြောရေးကို လိုလားကြောင်း၊ မြန်မာနိုင်ငံရဲ့ လက်ရှိ အပြောင်းအလဲတွေကို ကြိုဆိုပေမယ့် နောက်ထပ်ဆက်ပြီး လုပ်ဆောင်ဖို့ ကျန်နေသေးကြောင်း ပြောသလို ထိုင်း-မြန်မာ နယ်စပ်မှာ ရှိတဲ့ ဒုက္ခသည်တွေကိုလည်း လုံခြုံစိတ်ချရတဲ့ အချိန်ရောက်မှသာ မြန်မာနိုင်ငံ ပြန်ပို့မှာဖြစ်ကြောင်း ပြောသွားပါတယ်။

အောက်ပါပုံစံကို ဖြည့်စွက်ပြီးလျှင် မှတ်ချက်များ ရေးသားနိုင်ပါသည်။ မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။






ပုံမှာ မြင်ရသည့် စာလုံးများအတိုင်း ထည့်သွင်းပေးရပါမည်။



ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို

NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

ထိုင်းနိုင်ငံရေနံကုမ္ပဏီ က မြန်မာလုပ်သားတွေ ဆန္ဒပြ

ထိုင်းတောင်ပိုင်း မြန်မာ အလုပ်သမားအရေး မြန်မာသံရုံး ညှိနှိုင်းပေးနိုင်ခဲ့

ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နှစ်သစ်ကူး ဆင်နွဲ

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးဖို့ရှိ