ABSDF ကျောင်းသားဟောင်း မိသားစု သတင်းစာရှင်းလင်းပွဲပြုလုပ်

ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်က ဂျာနယ်အင်တာဗျူး တစ်ခုမှာ ABSDF ကျောင်းသားဟောင်းတွေဖြစ်တဲ့ ကိုနေဝင်းအောင်နဲ့ကိုစိုးလင်းတို့ကို ထောက်လှမ်းရေးတွေလို့ ပြောဆို ဖြေကြားထားတာနဲ့ ပတ်သက်ပြီး ကိုနေဝင်းအောင်နဲ့ ကိုစိုးလင်းတို့ရဲ့ မိသားစုဝင် အပါအဝင် အဲဒီကာလက နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတချို့က သူတို့နှစ်ဦးဟာ ထောက်လှမ်းရေးတွေ မဟုတ်ကြောင်း ပြန်လည်ရှင်းလင်းပွဲကို ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံလမ်းက မစ္စတာဘရောင်းကဖေးမှာ ပြုလုပ်ခဲ့ပါတယ်။

2012.09.25
ex-absdf-press-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံလမ်း မစ္စတာဘရောင်းကဖေးတွင် ABSDF ကျောင်းသားဟောင်း မိသားစုဝင်နှင့် နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
RFA

ဒေါက်တာနိုင်အောင်က ကိုနေဝင်းအောင်နဲ့ ကိုစိုးလင်းတို့ကို ထောက်လှမ်းရေးတွေအဖြစ် ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ကိုနေဝင်းအောင်ရဲ့ ညီမအရင်းဖြစ်သူ မဖြူဖြူအောင်က RFA ကို အခုလိုပြောပါတယ်။

"နိုင်ငံရေးကို သူပြောသလိုပဲ ဖြေရှင်းဖို့တောင်မှ အချိန်တော်တော်ပေးယူရတဲ့သူတွေကိုမှ သူကပြန်ပြီးတော့ ခုတုံးလုပ်ပြီး ဒီလူတွေကတော့ ထောက်လှမ်းရေး၊ ဟိုလူတွေ ထောက်လှမ်းရေး မဟုတ်ရင် ဒီလူတွေ ထောက်လှမ်းရေး၊ ဟိုလူတွေ သတ်တာမှားရင် ဒီလူတွေက ထောက်လှမ်းရေးမို့လို့ သူမှန်တယ်ဆိုပြီး လုပ်တဲ့အခါကျတော့ ဒေါက်တာနိုင်အောင်ကို သိစေချင်တာက သူရဲကောင်းလုပ်ချင်လို့ လုပ်ပါ။ ဒါပေမယ့် သူများရဲ့ဘဝတွေကို မနင်းချေပါနဲ့။ နိုင်ငံရေးသေနေတဲ့ သူတွေကိုတောင်မှ ထပ်ပြီးတော့ နိုင်ငံရေးမှာ မမြုပ်နှံချင်ပါနဲ့လို့ ပြောချင်တာရယ်။ အမှားကို ဝန်မခံဘဲနဲ့ သူ့ရဲ့အမှားကို တခြားသူရဲ့အမှားလိုလုပ်တာကို မခံနိုင်တာ။ ဒီရှင်းလင်းပွဲကို လုပ်တာပါ"

ဒီကနေ့ ရှင်းလင်းပွဲကို ကိုနေဝင်းအောင်ရဲ့ ညီမအရင်းဖြစ်သူ မဖြူဖြူအောင်၊ အခြေခံကျောင်းသားများ သမဂ္ဂက ကိုဘိုဘို၊ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ဆရာဟောင်း ဦးဌေးသိန်း (ခေါ်) စာရေးဆရာ နောင်ကျော်တို့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။