ABSDF ခေါင်းဆောင်ဟောင်းများ မြန်မာနိုင်ငံခရီး သတင်းစာရှင်းလင်း

မြန်မာနိုင်ငံကို တလကျော်ကြာ သွားရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက်ရက်တစ် တပ်ဦး (ABSDF) ခေါင်းဆောင်ဟောင်းတွေက မြန်မာနိုင်ငံမှာ အစိုးရ အပေါ်ပိုင်း ပြောင်းလဲနေပေမယ့် အောက်ခြေအဆင့် အာဏာပိုင်တွေ မပြောင်းလဲသေးဘူးလို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-10-16
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ex-absdf-leader-press-b305
မြန်မာနိုင်ငံ လေ့လာရေးခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက်ရက်တစ်တပ်ဦး (ABSDF) ခေါင်းဆောင်ဟောင်းများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသားသတင်းထောက်များ ကလပ်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
RFA

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသား သတင်းထောက်များ ကလပ်မှာ ဒီကနေ့ မနက်(၁၀) နာရီက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်က ငြိမ်းချမ်းရေး ခရီးစဉ်နဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“ကျနော်တို့ အစိုးရက ပြောင်းနေပြီ၊ ပြောင်းနေပေမယ့် အပေါ်ထပ်က ပြောင်းနေတာသာဖြစ်တယ်။ အောက်မပြောင်းသေးဘူး။ အောက်ကပြောင်းဖို့လည်း လိုတယ်။ နောက်ပြီးတော့ ပြည်တွင်းစစ်တွေ ဖြစ်နေတဲ့ကိစ္စ ဇစ်မြစ်ကလည်း တွေ့ဆုံဆွေးနွေးရေး အနေနဲ့ လုပ်သင့်တယ်။ အဖက်ဖက်ကနေ compromise လုပ်သင့်တယ် ဆိုတဲ့ အဲဒီဥစ္စာကို ကျနော်တို့ အနေနဲ့ ဒါ message ပေးတာ။ နောက်တခုက စီးပွားရေးနဲ့ ပတ်သက်လို့လည်း ပြုပြင်ပြောင်းလဲမှုမှာ ကျနော်တို့ ခရိုနီ စီးပွားရေးတွေကို ဟန့်တားနိုင်တဲ့ ဥပဒေတွေ ရှိလာပြီးတော့ တရားမျှတတဲ့ ဒီ လက်လုပ်လက်စားတွေကော လုပ်ငန်းရှင် အသေးလေးတွေကော ရှင်သန်နိုင်တဲ့ ဥပဒေကြမ်းတွေ ထုတ်ပေးပြီးတော့ ဗမာပြည်မှာ လွတ်လပ်စွာ တရားမျှတစွာ ယှဉ်ပြိုင်ခွင့် ပြုနိုင်တဲ့ ဥပဒေကို ထုတ်ပေးမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်လည်း ပြန်ပြီးတော့ ဦးမော့လာမယ်လို့ ယုံကြည်တယ်ဆိုတဲ့ message ပေါ့ဗျာ။”

သူတို့အဖွဲ့အနေနဲ့ ကွဲကွာနေတဲ့ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် ကျောင်းသားတွေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ကချင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ပြီး သူတို့ သဘောထားတွေကို သိခဲ့ရကြောင်း၊ ဒီအဖွဲ့တွေအထဲက တချို့တွေနဲ့ လက်တွဲလုပ်နိုင်မယ့် သဘောတူညီချက်အချို့ရခဲ့တယ်လို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ဒါအပြင် အင်းတွေကြောင့် ရေမြုပ်နေတဲ့ ဒေသတချို့က ဒေသခံတွေ လူ့အခွင့်အရေး ဆုံးရှုံးနေတာကိုလည်း တွေ့မြင်ခဲ့ရတယ်လို့ ပြောပါတယ်။
ဒါပေမယ့် တိုက်ပွဲတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ် လိုင်ဇာဒေသနဲ့ အချိန်မလုံလောက်လို့ ရခိုင်ပြည်နယ်ဘက်ကို မသွားခဲ့ရတာကတော့ သူတို့မျှော်မှန်းချက် မပေါက်ဘူးလို့  ဆိုပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ပါဝင်တဲ့ ဦးကိုကိုလေးကတော့ မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။


“ကျနော်တို့ မြန်မာပြည်မှာ ငြိမ်းချမ်းမှု မရဘဲနဲ့ ဘယ်လို development တွေမှ လုပ်လို့မရဘူးလို့ ယုံကြည်တယ်။ development တွေလုပ်ဖို့ အတွက်က ငြိမ်းချမ်းရေးက အဓိက သော့ချက်ဖြစ်တယ်။ ငြိမ်းချမ်းရေးမှာလည်း ကျနော် ဆွေးနွေးရသလောက်က နှစ်ဘက်စလုံးရဲ့ သဘောက ငြိမ်းချမ်းချင်တယ်။ ငြိမ်းချမ်းရေးကို ဦးတည်တယ်။ နှစ်ဘက်စလုံးက အပြုသဘောဆောင်နေတယ်လို့ ကျနော်မြင်တယ်။ သို့သော် အဟန့်အတားတွေတော့ အများကြီးရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်ရေးတွေ ပါလာတယ်။ ဘယ်နယ်မြေမှာ စကားပြောကြမလဲဆိုတဲ့ လက်တွေ့ အခက်အခဲတွေ ပါလာတာတွေ ရှိတယ်။"

အစိုးရရော လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ကချင် တိုင်းရင်းသားတွေ ဘက်ကရော အာဏာနဲ့ သဘာဝ အရင်းအမြစ်တွေကို ဘယ်လို ခွဲဝေမလဲဆိုတဲ့ စဉ်းစားချက်တွေ ရှိတယ်လို့လည်း သူက ပြောဆိုသွားပါတယ်။

ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲကို တက္ကသိုလ်ကျောင်းဆရာတွေ အပါအ၀င် မြန်မာနိုင်ငံ အရေး စိတ်ဝင်စားသူတွေ လူပေါင်း ၄ဝ ခန့် တက်ရောက်ခဲ့ကြပြီး  ဦးထွန်းအောင်ကျော်၊ ဦးကိုကိုလေးနဲ့ ဦးမှူးသာတို့က သူတို့ လေ့လာ တွေ့ရှိချက်တွေကို ရှင်းလင်း တင်ပြခဲ့ကြပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Old Rangoon Unversity students

ABSDF ဥက္ကဋ္ဌဟောင်း ထွန်းအောင်ကျော်,
The news of Tun Aung Kyaw and many others brutally killed in the jungle make all the students in Mandalay very bitter toward the leaders of the ABSDF camp. They vowed to chase and destroy the culprits when the news of the unbelievable tragedy reached Mandalay. We don't like your hypocrisy. Then, Moe Thee Zun also killed ABSDF students such as Ko Htay Naing (Math final year RASU).

Was it that students killed students? Was it that students killed MI men?

You need to explain that why you kill the students in the jungle, Tun Aung Kyaw.

Oct 19, 2012 01:22 AM

myint zu

နေရပ်- BKK) (Bangkok

ကိုမိုးဟိန်း ဘန်ကောက်ရောက်ရင် ဘုရားကျောင်းကို လာခဲ့ 

Oct 18, 2012 04:47 AM

အမည်မဖော်လိုသူ

ဦးထွန်းအောင်ကျော်ကို သိစေချင်တာက ခင်ဗျားကို အမေက မွေးမွေးပြီးချင်း ဒီအရွယ်ကို တန်းရောက်လာတာ မဟုတ်ဘူးဆိုတာပါပဲ။

Oct 16, 2012 04:19 PM

မိုးဟိန်း

ဟေ့ကောင် ငကြောင်အမည်မဖော်လိုသူ နိုင်ငံရေးရေချိန်မရှိဘဲနဲ့ ဝေဖန်ရေးမလုပ်နဲ့ ဖတ်စရာရှိတာဖတ်

Oct 16, 2012 10:40 PM