အေဘီအက်စ်ဒီအက်ဖ် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ကို သွား

ထိုင်းနိုင်ငံ အခြေစိုက် အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်က ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ အစိုးရရဲ့ အပစ်ရပ်စဲရေး ဖြစ်မြောက်ရေး ကိုယ်စားလှယ်အဖွဲ့နဲ့ အကြိုဆွေးနွေးဖို့ ဒီကနေ့ ရန်ကုန်မြို့ကို ထွက်ခွာသွားပါတယ်။

အခုစေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်အဖွဲ့မှာ အဖွဲ့ရဲ့ အတွင်းရေးမှူးအဖြစ် ကိုမြင့်ဦးက ဦးဆောင်ပြီး အဖွဲ့ဝင် ၆ ဦး ပါဝင်ပါတယ်။ အစိုးရနဲ့ ဆွေးနွေးပွဲမတိုင်ခင် ကြိုတင်ပြင်ဆင်စရာတွေကို အစိုးရနဲ့ တိုင်ပင်ဖို့ ဒီအဖွဲ့ကို စေလွှတ်တာဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌ ကိုမျိုးဝင်းက ပြောပါတယ်။

လာမယ့် ဧပြီလ ပထမပတ်အတွင်းမှာ ဦးအောင်သောင်း ဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် တရားဝင် ဆွေးနွေးမှာပါ။ ဦးအောင်သောင်း စေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ထိုင်းနိုင်ငံ မဲဆောက် မြို့မှာ အရင်တစ်ကြိမ် အလွတ်သဘော ဆွေးနွေးခဲ့ပါတယ်။