ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ပန်ကြားလွှာထုတ်ပြန်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဆရာ ဆရာမတွေကို ပန်ကြားလွှာနဲ့ ကျောင်းသား ကျောင်းသူတွေကို တိုက်တွန်းလွှာ ၂ စောင်ကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

2012.04.27

ဒီစာတွေမှာ ကျောင်းသားသမဂ္ဂတွေ နိုင်ငံတဝှန်း ဖွဲ့စည်းတည်ထောင် နေတဲ့အပေါ် ဆရာ ဆရာမတွေကပါ အားပေးကူညီဖို့နဲ့ အခုလိုသမဂ္ဂတွေ ဖွဲ့စည်းတည်ထောင်ဆဲ ကာလမှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို ကျောင်းသူ ကျောင်းသားတွေ စုပေါင်းဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက အခုလိုပြောပါတယ်။

" ကျောင်းသားထုရဲ့ အခွင့်အရေးကို ကာကွယ်ဖို့၊ ကျောင်းသားတွေ အားလုံးနဲ့ တိုင်းပြည်တစ်ပြည်လုံးရဲ့ အရေးတွေမှာ ပိုမိုဖွံ့ဖြိုး တိုးတက်လာအောင် ဆောင်ရွက်ဖို့ ကျောင်းသားကျောင်းသူတွေ ဘက်ကလည်း ကတိသစ္စာပြုတယ်ပေါ့။ ဆရာ ဆရာမတွေကလည်း ကျောင်းသား ကျောင်းသူတွေရဲ့လှုပ်ရှားမှုကို စိုးရိမ်စရာမလိုပဲနဲ့ အားပေးကူညီဖို့ အားလုံးကိုယ်စား ဗကသများ အဖွဲ့ချုပ်ကတိုက်တွန်းတယ်။ နောက်တခါ သမဂ္ဂအဖွဲ့ တစ်ခုကို ခြိမ်းခြောက်တာမျိုး၊ အခက်တွေ့အောင် ဒါမှမဟုတ် ဖျက်သိမ်းပစ်အောင် ဖိအားပေးတာမျိုး၊ သွယ်ဝိုက်သတိပေးတာမျိုးတွေ ရှိလာခဲ့တယ် ဆိုရင်လည်း ကျွန်တော်တို့အားလုံးက စနစ်တကျ ပြင်ဆင်ပြီး ဒါမျိုးတွေ မဖြစ်ရလေအောင် ကျောင်းသားအားလုံးရဲ့ ထုထည်အင်အားနဲ့ ဝိုင်းဝန်းဖြေရှင်းကြမယ်။ ပြီးတော့ သတင်းကွန်ယက်တစ်ခု တည်ဆောက်ပြီးတော့ အမြဲမပြတ် ဆက်သွယ်နေခြင်းအားဖြင့် လှုပ်ရှားမှုတွေမှာ ပိုမိုမြန်ဆန် သွက်လက်လာစေမယ်။ အဲဒီလိုမျိုး ကြိုးပမ်းပေးကြပါလို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား သမဂ္ဂ အဖွဲ့ခွဲတွေကို တိုက်တွန်းလိုက်တာပါ"။

ဗကသများအဖွဲ့ချုပ်အနေနဲ့ နိုင်ငံအနှံ့ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းနေရာမှာ အခုဆိုရင် ခရိုင် (၁၀) ခု၊ ဒေသကြီး (၂) ခု၊ မြို့နယ် (၃)ခု တို့မှာ ဖွဲ့စည်းပြီးပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-27 18:59

မိမိယုံကြည်ချက်အတိုင်း မိမိလုပ်နိုင်ပါသည်။ သို့သော် ပညာသင်နေသည့် ကလေးများကို မထိခိုက်ရန်သတိထားပါရန် မေတ္တာရပ်ခံပါသည်။ မိခင်တစ်ဦး

Anonymous
2012-04-27 20:22

Yes, it should be... it should be..., we need to be UNITED for our country. It's time we need to be united and build up the country, it's time we no need to fight each other. Have a good days.