လွှတ်တော်နှစ်ရပ်အတွက် ပြည်သူ့ငွေစာရင်းကော်မတီများ ဖွဲ့စည်း

2011-03-03

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် စည်းဝေးပွဲတွေ မတ်မ ၃ ရက် ဒီကနေ့ ဆက်လက် ကျင်းပရာမှာ ပြည်သူ့ ငွေစာရင်းကော်မတီကို ကြံ့ဖွံ့ပါတီကိုယ်စားလှယ် အများစုနဲ့ အသီးသီး ဖွဲ့စည်းလိုက်တယ်လို့ သိရှိရပါတယ်။

(Photo: AFP)

အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ဇန်နဝါရီ ၃၁ ရက်နေ့က ပထမဆုံး လွှတ်တော် အစည်းအဝေးသို့ တက်ရောက်မည့် ကိုယ်စားလှယ်များ လိုက်ပါလာသော ဘတ်စ်ကားကို လုံခြုံရေး တပ်ဖွဲ့ဝင်များ စစ်ဆေး ရှာဖွေနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ပြည်သူ့လွှတ်တော်က ပြည်သူ့ငွေစာရင်း ကော်မတီမှာ ကြံ့ဖွံ့ပါတီ အမတ် ၁၀ ဦးနဲ့အခြား နိုင်ငံရေးပါတီတွေက ၅ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီထဲမှာ NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက လွှတ်တော်အမတ် ဒေါ်တင်နွယ်ဦး ပါဝင်ခွင့် ရရှိတယ်လို့ NDF ပါတီရဲ့ အမတ် ဦးဘုန်းမြင့်အောင်က RFA ကို ပြောပါတယ်။

“ငွေစာရင်းအဖွဲ့တွေပေါ့။ ပြည်သူ့လွှတ်တော်က ၁၅ ဦးတင်တယ်၊ ကျွန်တော်တို့ အမျိုးသားလွှတ်တော်ကလည်း  ပြည်သူ့ငွေစာရင်းအဖွဲ့ကို ၁၅ ဦးနဲ့ ရွေးချယ်ဖြစ်တယ်ပေါ့။ ပြည်သူ့လွှတ်တော်မှာ ဒေါ်တင်နွယ်ဦး ရတယ်ဗျ။ ကျွန်တော်တို့ ပါတီက ပြည်သူ့ ငွေစာရင်းအဖွဲ့တွေပေါ့။”

အမျိုးသားလွှတ်တော်က ပြည်သူ့ငွေစာရင်း ကော်မတီမှာလည်း ကြံ့ဖွံ့အမတ် ၁၀ ဦးနဲ့ အခြား နိုင်ငံရေးပါတီတွေက ၅ ဦးနဲ့ ဖွဲ့စည်းလိုက်တဲ့အခါမှာ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည် ပါဝင်ခွင့် ရရှိတယ်လို့ ဆိုပါတယ်။

ဒီ ငွေစာရင်းကော်မတီမှာ ချင်းတိုင်းရင်းသားတွေရဲ့ ပါတီ ၂ ခုက ကိုယ်စားလှယ်တွေနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပေါင်းပြီး ပြည်ထောင်စုလွှတ်တော်မှာလည်း ပြည်သူ့ ငွေစာရင်းကော်မတီ ထပ်ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

အောက်ပါပုံစံကို ဖြည့်စွက်ပြီးလျှင် မှတ်ချက်များ ရေးသားနိုင်ပါသည်။ မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။






ပုံမှာ မြင်ရသည့် စာလုံးများအတိုင်း ထည့်သွင်းပေးရပါမည်။



ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်း ရောက်ရှိမှု အမေရိကန် ကြိုဆို

လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ကျမ်းကျိန်စာသား ကိစ္စကြောင့် NLD ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော် အချိန်မီ မတက်နိုင်

ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်

အစိုးရအဖွဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ဥပဒေကြောင်းအရ လိုက်နာဆောင်ရွက်ဖို့ အားနည်းနေ

ဝန်ကြီးဌာနတချို့ ပြင်ဆင်ဖွဲ့စည်းရေး လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြ

ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်တွင်း ဆွေးနွေးပုံလေ့လာ

တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေး ညွှန်ချုပ် NDF ခေါင်းဆောင်တွေနဲ့ တွေ့

ဝန်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ

ဆည်မြောင်း စီမံကိန်းတချို့ ရပ်ဆိုင်းဖို့ ပြည်ထောင်စု လွှတ်တော်က ထောက်ခံ