မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပြစ်ဒဏ်ခတ် ပိတ်ဆို့ရေးကို EU ဥရောပသမဂ္ဂအနေနဲ့ ဆက်လက် ထားရှိဖို့နဲ့ ကုလသမဂ္ဂရဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးမှာ EU အဖွဲ့ဝင်နိုင်ငံတွေက အားပေး ထောက်ခံ ကူညီကြဖို့ ဗြိတိန်အခြေစိုက် Burma Campaign UK က မတ်လ ၂ ရက်နေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတွင် ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှုကြီးအား စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲနှိမ်နင်းသည့်အတွက် Burma Campaign UK အဖွဲ့မှ ဦးစီးပြီး ၂၀ဝ၇ ခုနှစ် အောက်တိုဘာ ၁၇ရက်နေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်တွင် ကန့်ကွက်ဆန္ဒပြပွဲ ဆင်နွှဲနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of Burma Campaign UK)
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးအတွက် တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့ ပြီးခဲ့တဲ့နှစ်က ဥရောပသမဂ္ဂရဲ့ တောင်းဆိုချက်ကို မြန်မာစစ်အစိုးရက လျစ်လျူရှုခဲ့တဲ့အတွက် အခုလို တောင်းဆိုရတာ ဖြစ်ကြောင်း Burma Campaign UK တာဝန်ခံ မဇိုရာဖန်းက ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် EU ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေအကြား သဘောထား ကွဲလွဲမှုတွေ ထွက်ပေါ်နေတာ တွေ့ရတာကြောင့် EU အနေနဲ့ မနှစ်ကထက် ပိုပြီး မြန်မာနိုင်ငံအပေါ် ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့လည်း ဒီကြေညာချက်မှာ Burma Campaign UK က တောင်းဆိုထားပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်ပြီး Burma Campaign UK အဖွဲ့က မဇိုယာဖန်းနဲ့ RFA မှ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |
အောက်ပါပုံစံကို ဖြည့်စွက်ပြီးလျှင် မှတ်ချက်များ ရေးသားနိုင်ပါသည်။ မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။
ပိတ်ဆို့မှုတွေ ပိုမိုလျှော့ပေါ့ရေး အမေရိကန် စောင့်ကြည့်နေ
လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့်အဖွဲ့ EU ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး
မြန်မာက ဥရောပသမဂ္ဂဆိုင်ရာရုံးကို အီးယူ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒရုံး အကြီးအကဲ ဖွင့်လှစ်
မြန်မာ့ ပြောင်းလဲမှုတွေကြောင့် EU-Asean ဆက်ဆံရေး တိုးတက်လာ
ပိတ်ဆို့မှု ယာယီရပ်ဆိုင်းခြင်းနှင့် မြန်မာ့ စီးပွားရေး အလားအလာ
မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး သြစတြေးလျနိုင်ငံနှင့် EU ဆောင်ရွက်ချက်
ပိတ်ဆို့အရေးယူမှု တစ်နှစ် ရပ်ဆိုင်းမယ်လို့ အီးယူကြေညာ
ဥရောပက ပိတ်ဆို့မှုတွေ ယာယီရပ်မည်
မြန်မာအပေါ်ပိတ်ဆို့မှု အီးယူ ပိုမိုလျှော့ပေါ့မည်
EU ပိတ်ဆို့မှု ယာယီဆိုင်းငံ့ထားဖို့ ကင်မရွန်းနဲ့ ဒေါ်စု တိုက်တွန်း
မှတ်ချက်များ
သင့်မှတ်ချက်ကို ပေးပို့ရန် ဤနေရာကို နှိပ်ပါ