မြန်မာကို EU ပြစ်ဒဏ်ခတ်မှု ဆက်ထားသင့်ကြောင်း တိုက်တွန်း

မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပြစ်ဒဏ်ခတ် ပိတ်ဆို့ရေးကို EU ဥရောပသမဂ္ဂအနေနဲ့ ဆက်လက် ထားရှိဖို့နဲ့ ကုလသမဂ္ဂရဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးမှာ EU အဖွဲ့ဝင်နိုင်ငံတွေက အားပေး ထောက်ခံ ကူညီကြဖို့ ဗြိတိန်အခြေစိုက် Burma Campaign UK က မတ်လ ၂ ရက်နေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

0:00 / 0:00

EU ဥရောပသမဂ္ဂဟာ လာမဲ့ ဧပြီလမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒအပါ် ဆွေးနွေးဆုံးဖြတ်ဖို့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးအတွက် တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့ ပြီးခဲ့တဲ့နှစ်က ဥရောပသမဂ္ဂရဲ့ တောင်းဆိုချက်ကို မြန်မာစစ်အစိုးရက လျစ်လျူရှုခဲ့တဲ့အတွက် အခုလို တောင်းဆိုရတာ ဖြစ်ကြောင်း Burma Campaign UK တာဝန်ခံ မဇိုရာဖန်းက ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် EU ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေအကြား သဘောထား ကွဲလွဲမှုတွေ ထွက်ပေါ်နေတာ တွေ့ရတာကြောင့် EU အနေနဲ့ မနှစ်ကထက် ပိုပြီး မြန်မာနိုင်ငံအပေါ် ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့လည်း ဒီကြေညာချက်မှာ Burma Campaign UK က တောင်းဆိုထားပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး Burma Campaign UK အဖွဲ့က မဇိုယာဖန်းနဲ့ RFA မှ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်