ပြီးခဲ့တဲ့နှစ် သြဂုတ်လက ကျင်းပခဲ့တဲ့ ရှစ်လေးလုံးငွေရ တု အထိမ်းအမှတ်ပွဲက ချမှတ်ခဲ့တဲ့ နိုင်ငံရေး ဆုံးဖြတ် ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် လုပ်ငန်းအစည်းအဝေးကို ဒီနေ့ ရန်ကုန်မြို့ တော်ဝင် နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။
ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ အကောင် အထည်ဖော်ရေး ပြင်ဆင်ညှိနှိုင်းရေး အလုပ်အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ဒီနေ့ပွဲမှာ ဆွေးနွေးတဲ့ အကြောင်းအရာတွေကို အခုလိုပြောပါတယ်။
“ရှစ်လေးလုံးငွေရတု လုပ်ငန်းစဉ်သုံးရပ် အကောင်အထည်ဖော်ရေးအတွက်ကို ကျနော်တို့ လုပ်ငန်းကော်မတီ ဖွဲ့စည်းနိုင်ရေးဖြစ်ပါတယ်၊ မနက်ဖြန်မှာ အဓိကထားပြီးတော့ လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း ကို ဆောင်ရွက်ပါမယ်၊ ဒီကနေ့ကတော့ အဲဒီလုပ်ငန်းကော်မတီ ဖွဲ့စည်းပြီးတဲ့အခါမှာ အခြေခံရမယ့် နိုင်ငံရေးအခြေခံမူဘောင်တွေ လုပ်ငန်းကော်မတီအနေနဲ့ တာဝန်ခံပြီးဆောင်ရွက် သွားမယ့် ရှေ့လုပ်ငန်းစဉ်တွေကို ကျနော်တို့ ဒီကနေ့ အဓိက ဆွေးနွေးတာပါ”
ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ် သြဂုတ်လ ၈ ရက်နေ့က ရန်ကုန်မြို့ MCC ခန်းမမှာ ကျင်းပခဲ့တဲ့ ရှစ်လေးလုံးငွေရတု အထိန်းအမှတ်ပွဲမှာ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေး ၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး (သို့) အသစ်ပြန်လည်ရေးဆွဲရေး၊ အမျိုးသားအင်အားစု အားလုံးပါဝင်တဲ့ ညီလာခံတစ်ရပ် ကျင်းပရေးဆိုတဲ့ ကြေငြာချက်ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။
တိုင်းရင်းသားနဲ့ ဒီမိုကရေစီ အင်အားစုတေ ွအားလုံးပါဝင်တဲ့ ပြည်ထောင်စ ုညီလာခံတစ်ရပ် ကျင်းပနိုင်ရေးအတွက်လည်း ၂ ရက်ကြာ ဆွေးနွေးသွားမယ့် ဒီအစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ဒီနေ့ အခမ်းအနားကို ၈၈ မျိုးဆက် ငြိမ်းချမ်ရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က အဖွဲ့ဝင်တွေနဲ့ အရပ်ဘက် အဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။