နယူးဇီလန်မှာ မြန်မာရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြပွဲ

2010-11-06

မနက်ဖန် စစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အနေနဲ့ နယူးဇီလန်နိုင်ငံရောက် မြန်မာ့ ဒီမို ကရေစီ အင်အားစုတွေက အော့ကလန် မြို့တော်ရင်ပြင်မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

(Photo: Tin Zaw Moe)

စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် မြန်မာ့ ဒီမိုကရေစီ အင်အားစုများ နယူးဇီလန်နိုင်ငံ အော့ကလန်မြို့တော် Aotea square ရင်ပြင်တွင် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: Tin Zaw Moe)

အဲဒီ ဆန္ဒပြပွဲမှာ နယူးဇီလန် အတိုက်အခံ နိုင်ငံရေးပါတီ ဖြစ်တဲ့ လေဘာပါတီ အပါအ၀င် အလုပ်သမားသမဂ္ဂနဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့  (AI) တို့ ကလည်း လာရောက် ပူးပေါင်းကြတယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ နယူးဇီလန် အတိုက်အခံပါတီ ဥက္ကဋ္ဌရဲ့ သ၀ဏ်လွှာကို ပါတီ လွှတ်တော်အမတ်တဦးက ဖတ်ကြားခဲ့ကြောင်း Burma Campaign New Zealand အဖွဲ့ဝင်တဦး ဖြစ်တဲ့ ကိုတင်ဇော်မိုး က RFA ကို ပြောပါတယ်။

လေဘာပါတီ အမတ်တဦးဖြစ်တဲ့ ဖီးလ် ဒွိုက်ဘော့ ကလည်း မြန်မာနိုင်ငံက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ပါတီ ဥက္ကဋ္ဌ မာရီယမ် စထရီ ပေးပို့တဲ့ သဘောထား ကြေညာချက်ကို ဖတ်ပြပါတယ်။

ဆန္ဒပြပွဲမှာ ခွပ်ဒေါင်းအလံနဲ့  သာသနာ့အလံတွေ အပါအ၀င် စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာတွေ ကိုင်ဆောင်ထားတဲ့ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေနဲ့အတူ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံတဲ့ နယူးဇီလန် နိုင်ငံသားတွေဟာ စစ်အစိုးရ ပြဌာန်းလိုက်တဲ့ အလံကို မီးရှို့ခဲ့ကြပြီးနောက် အောကလန်မြို့လည် လမ်းမကြီးတလျှောက် ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။

အောက်ပါပုံစံကို ဖြည့်စွက်ပြီးလျှင် မှတ်ချက်များ ရေးသားနိုင်ပါသည်။ မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။






ပုံမှာ မြင်ရသည့် စာလုံးများအတိုင်း ထည့်သွင်းပေးရပါမည်။



ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို

NLD ပါတီ ရာနှုန်းပြည့်နိုင်တဲ့ သတင်းထွက်

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကို မိတ္ထီလာမှာ တိုက်ခိုက်မှုရှိခဲ့

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား

မန္တလေးမြို့မှာ အဲန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ၁၅၈ ဦး ကူညီ

မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ

မြောင်းမြမြို့နယ်မှာ ကျေးရွာကော်မရှင်နဲ့ ကြံ့ခိုင်ရေးပါတီ မဲကြိုကောက်

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း

ကိုယ်စားလှယ် ကန့်ကွက်လွှာ တင်သွင်းရက် ပြောင်းလဲ

ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေ