ဂျပန် ဒု ဝန်ကြီးကို မြန်မာ့အရေး ပြောကြားတိုက်တွန်း

မြန်မာ့အရေးဆောင်ရွက်နေတဲ့ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု အဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၅ ရက် ဒီကနေ့ နိုင်ငံခြားရေးဌာနကို သွားရောက်ပြီး ဒုတိယ နိင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံကာ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။

0:00 / 0:00

ဒါ့ပြင် မိမိတို့ အတိုက်အခံအင်အားစုတွေက စစ်အစိုးရနဲ့ ယှဉ်ပြိုင်ပြီးသွားဖို့ နယ်စပ်မှာ ရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ ပါတဲ့ ခေါင်းဆောင်တွေ စုပြီး ဖက်ဒရယ် ပြည်ထောင်စုကို အခြေခံပြီး ဖက်ဒရယ်ပါလီမန်ကို မနေ့ကပဲ ဖွဲ့ခဲ့ကြောင်းကိုလည်း ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကို ရှင်းပြခဲ့တယ်လို့ပါ RFA ကို ပြောကြားသွားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA မှ ဦးဘအောင်က စုစည်းတင်ပြထားပါတယ်။

အသံဖိုင်ယူရန်