ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ အစိုးရကို တောင်းဆို

2011-07-04

ပြည်တွင်းစစ် ရပ်စဲရေးအတွက် ဦးသိန်းစိန် အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ခေါ်ဖို့ ပြည်တွင်းမှာ လှုပ်ရှားနေတဲ့ အဖွဲ့ ၉ ဖွဲ့ ပူးပေါင်းပြီး ဒီကနေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

Image: RFA

ပြည်တွင်းငြိမ်းချမ်းရေး ခေါ်ဆိုရန် တောင်းဆိုလိုက်သည့် ပြည်တွင်းအခြေစိုက် အဖွဲ့အစည်း ၉ ဖွဲ့၏ အမှတ်တံဆိပ်များ ဖြစ်ပါသည်။ (Image: RFA)

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားများ၊ ရက္ခအလင်းတန်း အဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များသမဂ္ဂ၊ အခြေခံပညာ ကျောင်းသားများသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ရခိုင်ကျောင်းသားများ သမဂ္ဂနဲ့ ၂ဝဝ၇ မျိုးဆက် ကျောင်းသားများသမဂ္ဂ တို့ ပူးပေါင်းပြီး ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံက ပြည်တွင်းစစ်မီးဟာ တိုင်းရင်းသား အင်အားစုတွေနဲ့ စစ်အုပ်စုအကြား ဖြစ်ပွားနေတဲ့ ပြဿနာသက်သက် မဟုတ်ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီရေးတိုက်ပွဲ ပြဿနာ ဖြစ်တယ်လို့ မိမိတို့ ယုံကြည်ကြောင်း ကြေညာချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် လက်ရှိ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ အစိုးရရဲ့ ဗိုလ်ကျ စိုးမိုးရေး ပြည်တွင်းစစ်ပွဲတွေကို ချက်ခြင်း ရပ်တန်းက ရပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ခေါ်ယူဖို့ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ပြည်တွင်းပြည်ပမှာ ရှိကြတဲ့ အဖွဲ့အစည်း အသီးသီး အနေနဲ့ ပူးပေါင်း ပါဝင်ကြဖို့လည်း ကြေညာချက်မှာ တိုက်တွန်း နိုးဆော်ထားပါတယ်။

အောက်ပါပုံစံကို ဖြည့်စွက်ပြီးလျှင် မှတ်ချက်များ ရေးသားနိုင်ပါသည်။ မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။






ပုံမှာ မြင်ရသည့် စာလုံးများအတိုင်း ထည့်သွင်းပေးရပါမည်။



ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားဆဲလို့ သမ္မတဦးသိန်းစိန်ပြောကြား

ငြိမ်းချမ်းရေးကော်မတီ ပြည်ပရောက် အဖွဲ့အစည်းများနဲ့ တွေ့ဆုံ

တပြည်လုံး အပစ်ရပ်ရေး ကြေညာပေးဖို့ ပအို့ဝ်အဖွဲ့ တောင်းဆို

KIO နဲ့ အစိုးရ ဆက်လက် ဆွေးနွေးမယ် ပူးတွဲ ကြေညာချက်ထုတ်

ဦးအောင်မင်းနဲ့ ဒေါက်တာနိုင်အောင် တွေ့

ငြိမ်းချမ်းရေးရဖို့ သုံးနှစ်ကြာနိုင်ကြောင်း ဦးအောင်သောင်းပြော

ပင်လုံထက် ကျယ်ပြန့်တဲ့ ညီလာခံ ခေါ်မယ်လို့ အစိုးရကိုယ်စားလှယ်ပြော

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးလာအောင် တိုက်တွန်းဖို့ လူထုကို ဦးဝင်းတင် နှိုးဆော်

အပစ်ခတ်ရပ်စဲရေး နီးစပ်နေပြီလို့ တိုင်းရင်းသားအဖွဲ့များ ပြောဆို

ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ရပ်ဆိုင်းဖို့ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်း