မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အဝေးပြေးလမ်းမ အဆင့်မြှင့်ရေးအတွက် အမေရိကန်ဒေါ်လာသန်း ၈၀ ချေး ငှားမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ကြေညာပါတယ်။
၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ မအူပင်၊ ဖျာပုံ လမ်းအပိုင်း မိုင်သုံးဆယ်ကျော် အရှည်ကိုပြင်ဆင်မှာဖြစ်ပါတယ်။အဲ့ဒီ စီမံကိန်းဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ အပြီးသတ်မယ်လို့ မျှော်လင့်ရ ပါတယ်။
ADB အာရှဖွံ့ဖြိုးရေးဘဏ်ဟာ ဒီနှစ် ဇန်နဝါရီလကလည်းရန်ကုန်၊ မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတွေအတွင်း လျှပ်စစ်ဓါတ်အားလွှဲ ထရန်စဖေါ်မာအသစ်တွေ တပ်ဆင်ရေး၊ ဓါတ်အားကြိုးလိုင်းတွေ အသစ်လဲလှယ်ရေးတွေ အတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ချေးငှားခဲ့ပါတယ်။
