ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ဒုတိယ သမ္မတ ဖြစ်ပြီ

လစ်လပ်နေတဲ့ ဒုတိယ သမ္မတ (၁) အဖြစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒီကနေ့ ခန့်အပ်လိုက်ပါတယ်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ် တင်မြှောက်ခံရတဲ့ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းဟာ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
2012-08-15
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
vp-inauguration-081512-b305
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဒုတိယ သမ္မတ (၁) အဖြစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်။
RFA

"ကျွန်ုပ် ဦးဥာဏ်ထွန်းသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပြီး ပြည်ထောင်စု မပြုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အချာ အာဏာတည်တံ့ ခိုင်မြဲရေး တို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်"

ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဦးဥာဏ်ထွန်းရဲ့ ဒုတိယ သမ္မတ ကတိသစ္စာပြုလွှာကို တိုင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းဟာ စစ်တက္ကသိုလ် အပတ်စဉ် ၁၆ ဆင်း ဖြစ်ပြီး သဘောထား ပျော့ပြောင်းသူ၊ စကားနည်းသူ၊ ဘ၀ကို အေးချမ်းစွာ နေထိုင်သူ၊ သားသမီး ၃ ဦးရှိသူ ဖြစ်ပါတယ်။

သူဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ တပ်မတော် ထောက်လှမ်းရေး အရာရှိတစ်ဦးဖြစ်ခဲ့ပြီး ရေတပ် ဦးစီးချုပ်အဖြစ် ၂၀၀၈ ခုနှစ်မှာ စတင် တာဝန်ယူခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ကျန်းမာရေး အခြေအနေ အကြောင်းပြပြီး အနားယူသွားခဲ့တဲ့ ဒုတိယ သမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး ဟာ သဘောထား တင်းမာသူဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်နေတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အစီအစဉ်တွေကို သဘောမကျဘူးလို့ သတင်းထွက်ခဲ့ပါတယ်။

အခုလို ဒု သမ္မတ ရာထူးအတွက် တပ်မတော်သား ကိုယ်စားလှယ်တွေက ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ရွေးချယ်ခဲ့ကြောင်း နေပြည်တော် အသိုင်းအဝန်းက ကြားရတဲ့သတင်းကို RFA က ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့က ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် လွှတ်တော်က ဒီကနေ့ကျမှ တရားဝင်ခန့်အပ်လိုက်တာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံအရ ဒုတိယ သမ္မတနေရာ ၂ ဦးရှိတဲ့အနက် တစ်ဦးရဲ့နေရာကို ရွေးချယ်တင်မြှောက် ပိုင်ခွင့်ရှိပြီး ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို အခုလို ဒုတိယ သမ္မတ (၁) နေရာအတွက် သူတို့ ရွေးချယ်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်အတွင်းက အဆို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ဒုတိယ သမ္မတ ခန့်အပ်ပွဲ အခမ်းအနားကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ဒုတိယ သမ္မတ ရာထူးတွေဟာ သက်တမ်းတစ်ကြိမ်ကို ငါးနှစ်ဖြစ်ပြီး၊ နှစ်ကြိမ်ထက် ပိုမို တာဝန်ထမ်းဆောင်ခွင့် မရှိဘူးလို့ သိရပါတယ်။ လက်ရှိတခြား ဒု သမ္မတ တစ်ဦးကတော့ ဒေါက်တာ စိုင်းမောက်ခမ်း ဖြစ်ပါတယ်။

လစ်လပ်သွားတဲ့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) နေရာကို စစ်တက္ကသိုလ် သင်တန်းအပတ်စဉ် (၂၂) ဆင်း စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်ချုပ် သူရသက်ဆွေကို ခန့်အပ်လိုက်တယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

ဘယ်သူဘဲဖြစ်ဖြစ် ပြည်သူတွေအတွက်ကြည့်ဖို့ဘဲလိုပါတယ်..

Aug 16, 2012 12:24 PM

Tin Oo

နေရပ်- Yangon

Congratulations, General Nyan Tun! I want to humbly request you about illegal migrants Bengali Rohingyas. This time is critical time for Myanmar.

1. Rohingya's real natives are from Bangladesh, not from Burma.
2. Rohingya killed, raped, insulted to Burmese/Rakhine people several times lawlessly.
3. Rohingya don't have visa, no birth certificate, no evidence document at Rakhine Sate and Myanmar.
4. All Bengali Rohingya move to other country by UNHCR Program.
5. Almost Bengali Rohingya are criminal persons and illegal visitors (visa overstay persons or illegal migrants are not allow to stay by any government authorities) so please deport Rohingya soon!!!! We need a brave and sharp leader like General Aung San in Burma. Please GET UP Myanmar scholars, NLD Leaders and Myanmar parliament leaders among them. We thank you RFA!

Aug 16, 2012 05:01 AM

စိတ်ဝင်စားသူတစ်ဦး

နေရပ်- မော်လမြိုင်

တပ်မတော်နှင့်မြန်မာ့နိုင်ငံရေးအခန်းခ၂ကိုဖတ်ချင်ပါသည်။

Aug 15, 2012 11:49 AM