AFCSR ခေါ် စီးပွားရေးလုပ်ငန်းတွေရဲ့ လူမှုတာဝန်ပိုင်းဆိုင်ရာ အာရှနိုင်ငံများ ညီလာခံကို မြန်မာနိုင် ငံ နေပြည်တော်မှာ ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလ ၂ဝ ရက် ကနေ ၂၁ ရက်နေ့ အထိ ကျင်းပမယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
သက်တမ်း ၁၅ နှစ်ရှိပြီဖြစ်တဲ့ AFCRS ညီလာခံမှာ စီးပွားရေးလုပ်ငန်းတွေ၊ ကော်ပိုရေးရှင်းကြီးတွေရဲ့ သူတို့ သွားရောက်လုပ်ကိုင်ဆောင်ရွက်နေတဲ့နေရာတွေက ရပ်ရွာလူထု လူမှုအသိုင်းအဝန်း တိုးတက်ဖွံ့ဖြိုးရေး၊ ပိုမိုကောင်းမွန်တဲ့ ရှေ့ရေးအနာဂတ် ဖန်တီးပေးရေး၊ တွေ့ကြုံရတဲ့ လူမှုပြဿနာတွေကို မဟာဗျူဟာမြောက် ချဉ်းကပ် အဖြေရှာရေးတွေ ဆွေးနွေးကြမှာဖြစ်ပါတယ်။
ဆွေးနွေးပွဲကို နိုင်ငံပေါင်း ၂၅ နိုင်ငံက ပုဂ္ဂိုလ် ၃၅၀ တက်ရောက်ပြီး အသိအမြင်တွေ ဖလှယ်ကြမှာဖြစ်ပါတယ်။
