အလုပ်သမားများ ဂျော်ဒန် ပို့တဲ့ အေဂျင်စီ အပိတ်ခံရ

သဘောတူညီချက်အတိုင်း အလုပ်သမားခံစားခွင့် အာမ,ခံ မပေးနိုင်ခဲ့တဲ့ ပြည်ပ အလုပ်အကိုင် ရှာဖွေပေးရေး အလုပ်သမား အေဂျင်စီတခုကို ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာပိုင်တွေက ပိတ်လိုက်တယ်လို့ သိရပါတယ်။

2011.06.19
job_agency_305_z.jpg နိုင်ငံခြားသို့ သွားရောက် အလုပ်လုပ်လိုသည့် မြန်မာ အမျိုးသား၊ အမျိုးသမီးများ ရန်ကုန်မြို့ရှိ အလုပ်သမား အေဂျင်စီတခုရှေ့တွင် စုပြုံ တိုးဝှေ့နေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဧပြီလကုန်ပိုင်းက ဂျော်ဒန်နိုင်ငံ ဟာဆန်မြို့ အိုအေစစ် အထည်ချုပ်စက်ရုံမှာ မြန်မာအလုပ်သမားတွေက အလုပ်သမား ရပိုင်ခွင့်အတွက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီသတင်းကို မီဒီယာတွေက ဖော်ပြခဲ့ကြပြီးနောက် ဒီအလုပ်သမားတွေကို စေလွတ်ခဲ့တဲ့ ရန်ကုန်မြို့က ‘စည်းစိမ်သစ်’ အလုပ်သမား အေဂျင်စီကို အလုပ်သမား ဝန်ကြီးဌာနက စစ်ဆေးပြီး လုပ်ငန်းလိုင်စင် ရုပ်သိမ်းလိုက်တာလို့ အလုပ်သမား အေဂျင်စီတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဂျော်ဒန်နိုင်ငံ ဟာဆန်မြို့မှာ အမျိုးသမီးလုပ်သား ၂ဝဝ အပါအဝင် မြန်မာအလုပ်သမား ၂၃၅ ယောက်ဟာ လစာနဲ့ ရပိုင်ခွင့်တွေ အတွက် ဧပြီလ ၂၄ ရက်နေ့မှာ တခြားနိုင်ငံသား အလုပ်သမားတွေနဲ့ ပူးပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။

တဆက်ထဲမှာ မလေးရှားနိုင်ငံကို ဗီဇာ၊ ခေါ်စာအတုတွေနဲ့ အလုပ်သမားတွေ စေလွတ်နေတယ် ဆိုပြီး မလေးရှားသံရုံးက တိုင်ကြားထားတဲ့မြန်မာအလုပ်သမား အေဂျင်စီ ၈ ခုကိုလည်း အလုပ်သမား ဝန်ကြီးဌာနက စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-06-20 00:28

The practice of FAKE APPOINTMENT LETTERS, False Visa and Fake Certificates etc are HALL MARKS OF MYANMAR Community in the World.