သမ္မတအရည်အချင်း ကန့်သတ်ချက် ပယ်ဖျက်ပေးရေး အလုံမှာ တောင်းဆိုဆန္ဒပြ

0:00 / 0:00

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတဖြစ်ပိုင်ခွင့် ပုဒ်မ ၅၉ (ဃ) နဲ့ ၅၉ (စ) တို့ကို ပယ်ဖျက်ပေးဖို့ ရန်ကုန်မြို့ အလုံမြို့နယ်မှာ ရာနဲ့ ချီတဲ့ ပြည်သူတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။

ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်လိုတာဟာ နိုင်ငံသားတိုင်းမှာ တန်းတူအခွင့်အရေးရှိရမယ်လို့ ယုံကြည်တာကြောင့်ဖြစ်ကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ ကိုထွန်းထွန်းလင်းက RFA ကို အခုလို ပြောပါတယ်။

“ကျနော်တို့က ၅၉(စ)ရဲ့ အနေအထားက နိုင်ငံ သားတစ်ယောက်ရဲ့ အခွင့်အရေး အပြည့်အဝ ရစေချင်တဲ့အတွက် ကျနော်တို့က ပြင်စေချင် တာပါ၊ ကျနော်တို့ဖြစ်စေချင်တာက နိုင်ငံသား မှန်လို့ရှိရင် ဒီအခွင့်အရေး အပြည့်အဝ ရသင့်တယ်လို့မြင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်လို့ မဟုတ်ဘူး၊ နိုင်ငံသားမှန်လို့ရှိရင် ဒီ ၅၉ လုံးဝမရှိသင့်ဘူးထင်တယ်”

ဒီကနေ့ ဆန္ဒပြပွဲကို အလုံမြို့နယ် ကြည့်မြင်တိုင်အောက်လမ်း မြန်မာရနံ့ထမင်းဆိုင်ရှေ့ကနေ အလုံမြို့နယ်ခန်းမ အထိ လှည့်လည် လမ်းလျှောက်ဆန္ဒပြ ခဲ့ကြတာဖြစ်ပါတယ်။ ပုဒ်မ ၅၉ ကိုမပြင်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်စိန်မှန်အားကစားကွင်းမှာ အမျိုးသားရေးကွန်ရက်က ဦးဆောင်ပြီး ဟောပြောပွဲကျင်းပခဲ့ပါတယ်။

ဒီဆန္ဒပြပွဲအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။