အကျဉ်းထောင်တွင်း အရှင်ဂမ္ဘီရ ခံစားနေရတဲ့ ဝေဒနာတွေဟာ အတော်လေးကို စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတဲ့ အကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို လိပ်မူပြီး အမျိူးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ ကမ္ဘာ့ကြက်ခြေနီ အသင်းကြီး အပါအဝင် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ တွေကိုပါ အိတ်ဖွင့် ပေးစာ ပေးပို့ထားတယ်လို့ AHRC ရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမင်းလွင်ဦးက အာအက်ဖ်အေကို ပြောပါတယ်။ အောက်တိုဘာလ ၂၅ ရက်နေ့ ရက်စွဲနဲ့ ပေးပို့တဲ့ အဲဒီ အိတ်ဖွင့်ပေးစာမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ သံဃာတော် အရှင်ဂမ္ဘီရကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ ကိုလည်း အစိုးရကို တိုက်တွန်း ထားပါတယ်။ အရှင်ဂမ္ဘီရဟာ ၂၀၀၇ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုမှာ ဦးဆောင် ပါဝင်ခဲ့ပြီးနောက် ဖမ်းဆီး ထိန်းသိမ်းခံ ခဲ့ရပါတယ်။ သူ့ကို အင်းစိန် အကျဉ်းထောင်ကနေ ရာသီဥတု ဆိုးရွားတဲ့ ခန္တီးအကျဉ်းထောင်ကို ပြောင်းရွှေခဲ့ပြီး နောက် အခုနောက်ဆုံး ကလေးအကျဉ်းထောင်မှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။