ကုလားတန်မြစ်စီမံကိန်းကြောင့် ကမ်းခြေအလှပျက်ရ

2011-11-05

မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံအစိုးရ ပူးတွဲ အကောင်အထည် ဖော်နေတဲ့ ကုလားတန်မြစ် စီမံကိန်းအတွက် ကန်ထရိုက်ရရှိထားတဲ့ Essar ကုမ္ပဏီ က စစ်တွေမြို့ဆိပ်ကမ်း တည်ဆောက်နေရာမှာ မြို့ ကျက်သရေဆောင် စစ်တွေပွိုင့်ကမ်းခြေမှာ သဲတွေ တိုက်ယူနေတယ်လို့ သိရပါတယ်။

(RFA Illustration)

ရခိုင်ပြည်နယ်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော တည်နေရာပြ မြေပုံ။ (RFA Illustration)

ဒီ့အတွက် ကမ်းခြေ တဖြည်းဖြည်း နိမ့်ဆင်းလာပြီး နောင်မှာ ပင်လယ်လှိုင်းဒဏ်ကို အကာအကွယ် မပေးနိုင်တော့မယ့် အရေးအတွက် ရင်လေးစရာ ဖြစ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ စစ်တွေဒေသခံ တယောက်ကတော့ ကမ်းခြေသဘာဝ ပျက်သွားပြီလို့ ပြောပါတယ်။

စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး အရှေ့ဘက်တည့်တည့်မှာ ဆိပ်ကမ်း တည်ဆောက်နေတာ ဖြစ်ပြီး ဆိပ်ကမ်း မြေဖို့ဖို့အတွက် ပွိုင့်ကမ်းခြေ၊ စစ်တွေဟိုတယ် တဝိုက်နဲ့ ဘာဆာရွာ ရေချိုးဆိပ်က သဲတွေကို ကားအစီး ၄ဝ လောက်နဲ့ တနေ့ကို ၈ ခေါက်ကနေ ၁ဝ ခေါက်အထိ ခေါက်တုန့်ခေါက်ပြန် သယ်နေတယ်လို့ သိရပါတယ်၊

အခုလို သဲတွေတူးတဲ့အတွက် သောင်တွေ ပျက်စီးပြီး ကမ်းခြေရွာတွေ ပင်လယ်လှိုင်းဒဏ် မခံနိုင်ဘဲ တရွာလုံး ပျောက်သွားမယ့် အန္တရာယ်ကို ဒေသခံတချို့က စိုးရိမ်နေကြပါတယ်။

ကမ်းခြေမှာ Back foe ကားကြီးတွေနဲ့ သဲတွေတူးပြီး ကားတွေနဲ့ သယ်သွားတဲ့ လမ်းတလျှောက် ဖုံတွေ အလိမ်းလိမ်းထနေတာကို ကုမ္ပဏီက ရေလိုက်ဖြန်းတာတွေ ရှိပေမယ့် နိုင်နိုင်နင်းနင်း မဖြန်းနိုင်ဘူးလို့လည်း ဆိုပါတယ်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု တိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၂ဝ အကုန်အကျခံပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်မယ့် ကုလားတန်မြစ် စီမံကိန်းကို ၂ဝ၁၃ ခုနှစ်မှာ အပြီးသတ် အကောင်အထည်ဖော်ဖို့ လျာထားတယ်လို့ သိရပါတယ်။

အောက်ပါပုံစံကို ဖြည့်စွက်ပြီးလျှင် မှတ်ချက်များ ရေးသားနိုင်ပါသည်။ မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။






ပုံမှာ မြင်ရသည့် စာလုံးများအတိုင်း ထည့်သွင်းပေးရပါမည်။



ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ကမ္ဘာ့အလုပ်သမားနေ့ ရခိုင်နှင့် ရန်ကုန်တို့တွင် ကျင်းပ

အိန္ဒိယထောက်လှမ်းရေး လက်ချက်နဲ့ သေဆုံးသူ တော်လှန်ရေးသမားများအတွက် ဆွမ်းကပ်လှူ

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ မှတ်ပုံတင်တော့မည်

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ အကြား သဘောင်္များ တိုက်ရိုက် ကူးသန်းနိုင်မည်

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ တိုင်းဒေသကြီး ဝန်ကြီးချုပ် ခွင့်မပြု

ရခိုင်ပြည်နယ်မှာ လူထုအစည်းအဝေး ကျင်းပမယ်

နိုင်ငံရေးအကျဉ်းသားတွေ မလွတ်သေးခင် ဘင်္ဂလားဒေ့ရှ် အကျဉ်းသားတွေ ပြန်လွှတ်ပေး

မြန်မာ့သဲ စင်္ကာပူ ပြန်လည် စုပ်ယူနေ

ရခိုင်ပြည်နယ်တစ်ခုလုံး ၂၄ နာရီ မီးလင်းနိုင်ရေး RNDP က စာတမ်း ပြုစု