နိုင်ငံရေးပါတီ ၁ဝ ဖွဲ့ ပေါင်းစည်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီများက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံ ပြန်ခွင့်ပေးဖို့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေတရပ် ပြဋ္ဌာန်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။
မြန်မာပြည်မှ နိုင်ငံရေးအကျဉ်းသားများ၏ ဓာတ်ပုံနှင့် မှတ်တမ်းများကို ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ ရုံးတွင် ပြသထားပုံ ဖြစ်ပါသည်။ (Photo: AFP)
အခု တောင်းဆိုမှုကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ပြီး ထုတ်ပြန် ကြေညာလိုက်တာဖြစ်ကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ရဲ့ ဥက္ကဋ္ဌ ဦးသိန်းတင်အောင်က RFA ကို ပြောပါတယ်။
ဒီမိုကရေစီ မိတ်ဆွေပါတီများကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ဖို့ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ စုစည်းထားတာပါ။
အခု တောင်းဆိုမှုကို အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)၊ ဒီမိုကရေစီပါ တီ (မြန်မာ)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ချင်းအမျိုးသားပါတီ (CNP)၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီတို့ အပါအဝင် နိုင်ငံရေးပါတီ ၁ဝ ခုက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ခုထိတောင်းနေကြတုန်းဆိုတော့အသံကောင်းဟစ်သလိုဖြစ်နေပြီ <br>ပြည်သူတွေအတွက်စိတ်မကောင်းစရာပဲ
2011-03-01 05:17
လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးမှာမဟုတ်ပါဘူး။ နိုင်ငံရေးထပ်လုပ်တဲ့သူတွေကို ထပ်ပြီး နှစ်ရှည်ထောင်ချထားဖို့  အစီအစဉ်တွေ ရှိနေပါတယ်
2011-02-28 11:34
I dont understand all those political parties that why still demanding like that. Because even all known that this military government still lying and cruel to the people. I know all of you getting some profit from this junta and then saying like that. I know you all can't escape from this military government except cheating by them. Only the way is massive marching of all people against this junta. I will suggest to all ethnic group fighting in your place, better lead in front of marching people, sure when you all lead people will follow.
2011-02-27 23:03
အောက်ပါပုံစံကို ဖြည့်စွက်ပြီးလျှင် မှတ်ချက်များ ရေးသားနိုင်ပါသည်။ မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
နိုင်ငံရေး အကျဉ်းသားစာရင်း ထုတ်ပြန်ပေးရန် အစိုးရကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
ထွက်ချက်ပေးဖို့ အနှိပ်စက်ခံရကြောင်း ကာယကံရှင်တွေ ပြော
နိုင်ငံရေးအကျဉ်းသားစာရင်း ပြန်စစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
တိုးတက်တဲ့ ခြေလှမ်းတွေ ဆက်ပြီးဆောင်ရွက်ဖို့ ကနေဒါတိုက်တွန်း
အကျဉ်းထောင်မှ သားပြန်လွတ်လာလို့ မိခင်ဖြစ်သူ ဝမ်းသာလွန်ပြီး ကွယ်လွန်
၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး
မင်းကိုနိုင်ကို မြို့ရွာတိုင်းက ကြိုဆို
နိုင်ငံရေးအကျဉ်းသား လွှတ်ပေးလိုက်တာ သမ္မတ အိုဘားမား ကြိုဆို
မှတ်ချက်များ
သင့်မှတ်ချက်ကို ပေးပို့ရန် ဤနေရာကို နှိပ်ပါ