မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့အခြေစိုက် ဘယ်လ်ဂျီယံ သံအမတ်ကြီးနဲ့ သြစတြီးယား သံအမတ်ကြီးတို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီဇင်ဘာ ၃ ရက် ဒီကနေ့ လာရောက် တွေ့ဆုံဆွေးနွေးကြောင်း NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အတည်ပြု ပြောဆိုပါတယ် ။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ရှေ့ဆုံး) အကျယ်ချုပ်မှ လွတ်မြောက်သည့် နိုဝင်ဘာ ၁၃ ရက်က စောင့်မျှော်နေသော လူထုကို နှုတ်ဆက်ရန် နေအိမ်ခြံဝသို့ သွားရောက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
“မနက်ပိုင်း ဒေါ်စု ဘယ်လ်ဂျီယမ် သံအမတ်ကြီးနဲ့ တွေ့တယ်၊ Bangkok based ဘယ်လ်ဂျီယမ် သံအမတ်ကြီး လာတွေ့ပါတယ်။ ညနေပိုင်း သြစတြီးယား သံအမတ်ကြီး လာတွေ့ပါတယ်။ သံအမတ်ကြီးတွေ ဘာပြောချင်တယ်၊ ဘာ အဲဒါတော့ ကျွန်တော် မသိဘူး။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ သံအမတ်ကြီးတွေ ဘယ်လို အကြောင်းအရာ ဆွေးနွေးကြတယ် ဆိုတာကိုတော့ NLDပါတီက သတင်းထုတ်ပြန်ခြင်း မရှိပါဘူး ။
ဒီကနေ့ တရက်တည်းမှာပဲ NLD ပါတီ ရုံးချုပ်မှာ CRPP လို့ခေါ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရပါတယ် ။
အဲဒီအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးလှဖေ ဦးသန်းထွန်း၊ ဦးညွန့်ဝေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ဦးအေးသာအောင်၊ ပူကျင်ရှင်းထန်၊ နိုင်ထွန်းသိန်း၊ ဦးထောင်ကိုထန်းတို့အပြင် ဦးစိုးဝင်း၊ ဦးသန်းဖေတို့ တက်ရောက် ဆွေးနွေးကြောင်း သိရပါတယ်။
CRPP အစည်းအဝေးနဲ့ ပတ်သက်ပြီး ဦးအေးသာအောင်ကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင် ဆက်သွယ် မေးမြန်းထားပါတယ်။
| CRPP အစည်းအဝေး |
|
| အသံဖိုင်ယူရန် |
အောက်ပါပုံစံကို ဖြည့်စွက်ပြီးလျှင် မှတ်ချက်များ ရေးသားနိုင်ပါသည်။ မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။
ပိတ်ဆို့မှုအရေးပါပုံ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
တောင်ကိုရီးယား သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး
ဒီမိုကရေစီ အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
ဒီမိုကရေစီ အတွေ့အကြုံနှင့် စာနယ်ဇင်း သင်တန်းပို့ချ
ငြိမ်းချမ်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ တိုင်းရင်းသားအဖွဲ့များ ဆန္ဒရှိ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုလန် ၀န်ကြီး စာနယ်ဇင်းပွဲ တက်ရောက်
ကျောင်းသားသမဂ္ဂ ပွင့်ပွင့်လင်းလင်း တည်ရှိရေး ဥပဒေကြောင်းအရ ဒေါ်အောင်ဆန်းစုကြည် ကူညီမည်
ဒေါ်အောင်ဆန်းစုကြည် မသန်စွမ်းသူများ ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အမျိုးသမီးရေးရာ အမေရိကန် သံအမတ်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး
မှတ်ချက်များ
သင့်မှတ်ချက်ကို ပေးပို့ရန် ဤနေရာကို နှိပ်ပါ