မြန်မာနိုင်ငံက မူးယစ်ဆေးဝါးအများအပြား ထိုင်းနိုင်ငံအတွင်းကို ခိုးယူ တင်သွင်းဖို့ရှိတယ်လို့ ထိုင်း မူးယစ်နှိမ်နင်းရေး အထူးတပ်ဖွဲ့တွေက သတင်းရခဲ့တဲ့အတွက် မြန်မာနိုင်ငံနဲ့ နယ်စပ်အနီးက ကားလမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေ ချထားပြီး မနေ့ညက စစ်ဆေးရာမှာ ဖမ်းဆီးမိခဲ့တာပါ။ မနေ့ည ညဉ့်နက်ပိုင်းက ကားတစ်စီးနဲ့ မော်တော်ဆိုင်ကယ်နှစ်စီးဟာ ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ မရပ်ဘဲ မောင်းပြေးခဲ့တာကြောင့် ထိုင်းမူးယစ်တပ်ဖွဲ့တွေက လိုက်လံ ဖမ်းဆီးရာက ကားကို မိခဲ့တာပါ။ ကားမောင်းသမားနဲ့ ဆိုင်ကယ်မောင်းသူတွေကတော့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ ဖမ်းဆီးမိတဲ့ ပစ်ကပ်ကားပေါ်မှာ စိတ်ကြွဆေးပြား လေးသန်းကျော် ထည့်ထားတဲ့ အိတ်ပေါင်း ၃၄ အိတ်ကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
