ရခိုင်အမျိုးသားပါတီ ANP အနေနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး ရပ်ဆိုင်းထားတာကို ပြန်လည်ရုပ်သိမ်းဖို့ ဒီနေ့ဆုံးဖြတ် လိုက်ပါတယ်။
ဒီနေ့ကျင်းပတဲ့ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းကနေ ဆုံးဖြတ်လိုက်တာလို့ အစည်းအဝေး တက်ရောက်နေတဲ့ ပါတီဗဟိုအလုပ်အမှုဆောင် ကော် မတီဝင်ရှေ့နေ ဦးတင်ညိုက ပြောပါတယ်။
"ဒီနေ့အစည်းအဝေးမှာတော့ ပါတီနဲ့ နိုင်ငံတကာ ဆက်ဆံရေးကိစ္စများကိုလည်း ဆွေးနွေးဆုံးဖြတ် ပါတယ်၊ နိုင်ငံတကာ ဆက်ဆံရေးကိစ္စ ဆွေးနွေး ဆုံးဖြတ်တဲ့နေရာမှာတော့ ကျနော်တို့ ရခိုင်အမျိုးသား ပါတီအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ဆက်ဆံ တဲ့နေရာမှာ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် လိုအပ်ရင်လိုအပ်သလို ကျနော်တို့ မည်သည့်နိုင်ငံ တကာအဖွဲ့အစည်းမဆို ကျနော်တို့ပါတီက လက်ခံဆွေးနွေးမှု ဆောင်ရွက်မယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချတယ်"
ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေအနေနဲ့ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး မွတ်စလင်တွေဘက်ကနေ ဘက်လိုက်ပြောဆိုခဲ့မှုတွေ ရှိခဲ့တာကြောင့်ဆိုပြီး ဆက်ဆံရေးရပ်ဆိုင်းဖို့ ANP ပါတီက ပြီးခဲ့တဲ့ ဇန်နဝါရီလက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်ေ ရွးချယ်ရေးအပြင် ပါတီအတွက် အရေးပါတဲ့ကဏ္ဍတွေကို ဒီနေ့ကနေ ဧပြီလ ၄ ရက်နေ့အထိ စစ်တွေမြို့မှာ ဆွေးနွေးနေကြတာဖြစ်ပါတယ်။
ဒီနေ့ကျင်းပတဲ့အစည်းအဝေးမှာ ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာအေးမောင်ရဲ့ လုပ်ရပ်အတော်များများ ဟာ ပါတီဖွဲ့စည်းပုံပါ စည်းကမ်း၊ ကျင့်ဝတ်၊ လုပ်ပိုင်ခွင့်တွေနဲ့ ဆန့်ကျင်နေတာကြောင့် ပါတီစည်းမျဉ်း စည်းကမ်းနဲ့ အညီအရေးယူပေးဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ အသေးစိတ်ကိုမေးမြန်းရာမှာတော့ ထုတ်ဖေါ်ပြောဆိုခြင်းမရှိပါဘူး။
