လွှတ်တော်၏လုပ်ပိုင်ခွင့်ချဲ့ထွင်ဖို့ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြောကြား
သမတ ဦးသိန်းစိန်ရဲ့ ပြောဆိုချက် မိန့်ခွန်းနဲ့တကွ အစိုးရသစ် လုပ်ဆောင်ချက်နဲ့ ကတိပြုချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် စိစစ် သုံးသပ်နိုင်ဖို့အတွက် လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို ပိုမို ချဲ့ထွင်ပေးအပ်ဖို့ လိုအပ်တယ်လို့ မကြာခင်က ကျင်းပခဲ့တဲ့ ပထမအကြိမ် လွှတ်တော်မှာ စတင် ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့၏ ကတိကဝတ်များ၊ အာမခံချက်များနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီသစ်ရဲ့ ဥက္ကဋ္ဌ၊ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အကြီးအကဲ အထက်လွှတ်တော် အမတ် ဒေါက်တာ အေးမောင်က ပြောကြားလိုက်ပါတယ်။
ဒေါက်တာ အေးမောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။