ရခိုင်လူငယ် ၁၁ဦးအား ပြစ်ဒဏ် ချမှတ်

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဖမ်းဆီးထားတဲ့ ရခိုင်လူငယ် ၁၁ ဦးကို ဒီကနေ့ သြဂုတ်လ ၁၂ ရက်မှာ အင်းစိန်ထောင် အထူးတရားရုံးက အမှုပေါင်း ၅ မှုနဲ့ အပြစ်ဒဏ် ၃ နှစ်ကနေ ၉ နှစ်အထိ အသီးသီး ချမှတ်လိုက်တယ်လို့ သိရပါတယ်၊ ချမှတ်လိုက်တဲ့ အပြစ်ဒဏ်တွေဟာ မတရားသင်းနဲ့ ဆက်သွယ်မှု၊ လူဝင်မှုကြီးကြပ်ရေးမှု၊ ဆက်သွယ်ရေးဆိုင်ရာ အမှုအပြင် ဖောက်ခွဲရေးပစ္စည်း လက်ဝယ်တွေ့ရှိမှုလည်း ပါဝင်တယ်လို့ သိရပါတယ်။

2010.08.11
insein_gate_305_Z.jpg နာမည်ကျော် အင်းစိန်ထောင်ကြီး၏ ဘူးဝတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အပြစ်ဒဏ် အသီးသီး ချမှတ်ခံရတဲ့ ရခိုင်လူငယ်တွေဟာ ရန်ကုန်၊ စစ်တွေ၊ ဘူးသီးတောင် နဲ့ ပုဏ္ဏားကျွန်းမှာ နေထိုင်သူတွေ ဖြစ်ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာ ၄ရက်နေ့က အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းစဉ် သူတို့ကိုလည်း တရက်တည်း ဖမ်းခဲ့တာပါ။

ရှေ့နေဦးကျော်ဟိုးက ချမှတ်လိုက်တဲ့ အပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။

“အသင်းအဖွဲ့ ဥပဒေ ပုဒ်မ (၇) နဲ့ အပြစ်ပေးတာပေါ့၊ ၁၁ ယောက်လုံးကို။ ၃ နှစ် ဟုတ်ကဲ့၊ နောက် အဲဒီထဲက ၆ ယောက်က ဟိုဥစ္စာပေါ့၊ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်တယ်ပေါ့ဗျာ၊ ၁၃ (၁) ပေါ့။ လဝက ပြဋ္ဌာန်းချက် ဥပဒေ ၁၃ (၁) က ၃ နှစ်၊ ဆိုတော့ ၆ ယောက်က ၃ နှစ် ၃ နှစ်ဆိုတော့ ၆ နှစ်ပေါ့။ ကျန်တဲ့ နိုင်စိုး ခေါ် မဲလုံးက သူက ဖောက်ခွဲပစ္စည်း ပါတာကိုး။ ဟို ခုနက အသင်းအဖွဲ့ ၃ နှစ်ရယ်၊ ဖောက်ခွဲပစ္စည်း မိတာက ၅ နှစ်ဆိုတော့ ၈ နှစ်ပေါ့။ နေထက်စိုးကျတော့ ဘာတမှုပိုလည်း ဆိုတော့ သူက ကြိုးမဲ့ကြေးနန်း ဟိုဥစ္စာ ဂြိုဟ်တုဖုန်းတလုံး ထပ်မိတာကိုး။ အဲဒါအတွက်က ကြိုးမဲ့ကြေးနန်း ၆ (၁) က တနှစ်ပေါ့။ တနှစ်ဆိုတော့ အားလုံး သူက စုစုပေါင်း ၉ နှစ်ပေါ့။ သူက အများဆုံးပေါ့။”

သူတို့ကို စပြီးဖမ်းတဲ့ အချိန်က ကိုညီညီအောင်ရဲ့ စီစဉ်မှုနဲ့ ရန်ကုန်မြို့ အရေးကြီးနေရာတွေကို ဖောက်ခွဲရေးတွေ လုပ်မဲ့ လူတွေ ဖြစ်တယ်လို့ သတင်းစာရှင်းပွဲမှာ ထုတ်ဖော်ခဲ့ပါတယ်၊ ဒါပေမဲ့ နောက်ပိုင်း အမှုစစ်ဆေးချိန်မှာ တော့ ကိုညီညီအောင်နဲ့ဆက်စပ်ပြီး အမှုတင်တာမျိုးတွေ မရှိတော့ဘူလို့ သိရပါတယ်၊

အပြစ်ဒဏ် အသီးသီးချခံရတဲ့ လူငယ်တွေကတော့ ခိုင်ကျော်မိုး၊ ရဲထက်စိုး၊ ထွန်းလင်းကျော်၊ ဇော်ထွန်းနိုင်၊ နိုင်စိုး ခေါ် မဲလုံး၊နိုင်စိုး။အောင်မိုးဇော်၊ ကျော်စံသိန်း၊ မောင်မောင်၊ ကျော်ဝင်းနဲ့ အောင်နိုင်တို့ ဖြစ်တယ်လို့ သိရပါတယ်၊။

ဒီအမှုနဲ့ပတ်သက်ပြီး အမှုကို လိုက်ပါ ဆောင်ရွက်ပေးတဲ့ ရှေ့နေတွေနဲ့ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သြယ်မေးူမန်းခဵက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။