ဖားကန့်မြို့နယ်လမ်းမပေါ် ရဲနဲ့ စစ်သားများ ရမ်းကား

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စုမှာ မနေ့က အောက်တိုဘာလ ၁၅ ရက် ညနေ ၅နာရီခွဲ အချိန်မှာ အဲဒီရပ်ကွက်မှာရှိတဲ့ မလန်းဘုန်းကြီးကျောင်း သွားတဲ့လမ်းပေါ်မှာ ရဲနဲ့ စစ်သား ၈ ယောက်လောက်က လမ်းသွားလမ်းလာတွေကို စစ်ဆေးနေပြီး ရိုက်နှက်တာတွေလည်း ရှိခဲ့တယ်လို့ သိရှိရပါတယ်။
2012-10-16
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

အရက်သောက်ထားတဲ့ ရဲ နဲ့စစ်သားတွေက မလန်းဘုန်းကြီးကျောင်းကနေ ဥပုသ်စောင့် ပြန်လာတဲ့ အမျိုးသမီးအချို့ကိုလည်း စစ်ဆေးမေးမြန်းတယ်လို့ ဆိုပါတယ်။ အမျိုးသားတွေကို ခေါင်းပေါ်လက်တင်ခိုင်း၊ မြေပြင်ပေါ်မှောက်ခိုင်းပြီး ရိုက်နှက်ရာမှာ အနည်းဆုံး လူ ၁၀ ယောက်လောက် အရိုက်နှက်ခံရတယ်လို့ မျက်မြင်တွေ့သူ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ ည ၁၀ နာရီအချိန်ကလည်း အဲဒီ ငြိမ်းချမ်းသာယာ ရပ်ကွက်မှာပဲ ရဲနဲ့စစ်သား အယောက် ၃၀ နီးပါးက ဒေသခံပြည်သူ အယောက် ၆၀ လောက်ကို မြေပြင်ပေါ် မှောက်ခိုင်းပြီး အဲဒီအထဲက ၁၀ ယောက်လောက်ကို ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

စစ်ကြီးအမြန်ပြီနိုင်အောင်ကျကျွန်တော်တို့ဆုတောင်းနေပါတယ် ဘယ်သူကပဲနိုင်နိုင် နောက်ဆုံး ဆုံးရူံးမူတွေနဲ့ပဲကျန်ခဲ့မှာလေ တော်ပ်ါတော့မောင်သိန်းစိန်ရယ် လို့ပြောချင်တယ်

Jan 02, 2013 08:35 AM

raju

နေရပ်- shwe gu

I want to look photo.now that is real.

Oct 21, 2012 05:07 AM

အမည်မဖော်လိုသူ

NO

Oct 17, 2012 05:58 AM

ဖွတ်ကြားလေး

နေရပ်- နေစရမရှိ

ဒီလိုရမ်းကားနေမှတော့ဒီကောင်တွေလူမဟုတ်တာသေချာတယ်

Oct 17, 2012 12:25 AM

Myeik

နေရပ်- Singapore

Where is "Law and Order"? Check this happening now. Let Naypyidaw handle it now,

Oct 16, 2012 10:46 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.