နိုင်ငံတ၀ှမ်း လယ်ယာမြေ သိမ်းဆည်းခံထားရတာနဲ့ ပတ်သက်လို့ လယ်ယာမြေ စုံစမ်းရေးကော်ရှင်နဲ့ ကာကွယ်ရေး ၀န်ကြီးဌာန တွဲဖက်စစ်ထောက်ချုပ်တို့ နေပြည်တော်မှာ ဇန်န၀ါရီ ၂၈ နဲ့ ၂၉ ရက် (၂) ရက်ကြာ ဆွေးနွေးကြပြီး အခုလို သဘောတူညီချက်ရခဲ့ကြတာဖြစ်တယ်လို့ အဲဒီနေ့ကေ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက RFA ကို ပြောပါတယ်။
စစ်တပ်က သိမ်းယူထားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်လို့ တိုင်ကြားထားတဲ့ အမှုပါင်း ၄၂၈ မှုရှိပြီး တိုင်ကြားချက်တွေကို ကာကွယ်ရေးဝန်ကြီးဌာန စီစစ်ဆောင်ရွက်ပေးနေပြီလို့လည်း တွဲဖက် စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင်က ပြောကြောင်းသိရပါတယ်။