ပဲခူးလူငယ်နှစ်ဦး ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်သူများကို စစ်ဆေးစီရင်မည်

2010-10-04

ပဲခူးမြို့မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ လူငယ် ၂ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့မှု၊ ရဲတပ်ဖွဲ့က အရပ်သား လူငယ် ၆ ဦးကို ထိုးကြိတ်မှုတွေမှာ ကျူးလွန်ခဲ့တဲ့ စစ်ဖက်နဲ့ ရဲဖက်က အရာရှိတွေ၊ တပ်သားတွေကို ထိန်းသိမ်း ချုပ်နှောင် စစ်ဆေးနေပြီး၊ မကြာခင် စီရင်ချက် ချမှတ်တော့မယ်လို့ သိရပါတယ်။

(Photo: RFA listener)

ပဲခူးမြို့တွင် စက်တင်ဘာ ၅ ရက်နေ့ညက စစ်တပ်၏ ပစ်ခတ် သတ်ဖြတ်မှုကြောင့် သေဆုံးသွားသော လူငယ်နှစ်ဦး၏ စက်တင်ဘာ ၇ ရက် ဈာပနတွင် မိသားစုဝင်များ ဝမ်းနည်းပူဆွေးစွာ ငိုကြွေးနေပုံ ဖြစ်ပါသည်။ (Photo: RFA listener)

လူငယ်နှစ်ဦးကို ပစ်မိန့်ပေးခဲ့သူ အမှတ် ၁၀၁ ခြေမြန်တပ်ရင်းက ဗိုလ်ကြီး သိဒိစိုးနဲ့ အမှတ် ၅၉ ခြေလျင် တပ်ရင်းတို့က အရာရှိတွေ အပါအဝင် ဒီပစ်ခတ် သတ်ဖြတ်မှုမှာ ပါဝင် ကျူးလွန်ခဲ့တဲ့ အရာရှိနဲ့ စစ်သား ၁၀ ဦးလောက်ကို လောလောဆယ် တပ်အချုပ်မှာ ထိန်းသိမ်းထားကြောင်း စစ်ဖက်နဲ့ ထောက်လှမ်းရေး အဖွဲ့တွေက တဆင့် သိရတယ်လို့ ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်က ပြောပါတယ်။

“ခလရ ၅၉ က ဗိုလ်ပဲ၊ အမည်မသိဘူး။ အဲဒီ အရာရှိ နှစ်ဦးပါမယ်၊ ပစ်သတ်တဲ့ အမိန့်ပေးတဲ့လူကတော့ ဗိုလ်ကြီး သိဒ္ဓိစိုး၊ ၁၀၁ က အမိန့်ပေးတယ်။ ၅၉ က အရာရှိကတော့ အဲဒီအချိန်မှာ ခေါင်းကွဲပြီး မေ့သွားတယ်လို့ သူတို့ ပြောပုံအရ လူငယ်တွေနဲ့ ခိုက်ရန်ဖြစ်ပြီး မေ့သွားတယ်လို့ပဲ သိရတယ်။ အဲဒီ နှစ်ယောက်က နောက် ပစ်တဲ့ မောင်ထွန်း၊ တပ်သား မောင်ထွန်းနဲ့ အားလုံး စုစုပေါင်း သုံးယောက်ရယ်၊ သူတို့နဲ့အတူ နောက်က ပါလာတဲ့ ခလရ ၅၉ က တပ်သား အားလုံး ၁၀ ယောက်နီးပါးလောက် တပ်ရင်းအချုပ်ထဲမှာ ရှိတယ်လို့ သိရတယ်။”

ပဲခူးမြို့မှာ စက်တင်ဘာလ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်တပ်က ပစ်ခတ် သတ်ဖြတ်မှုကြောင့် အသက် ၁၇ နှစ်အရွယ် မောင်စိုးပိုင်ဇော်နဲ့ အသက် ၂၁ နှစ်အရွယ် မောင်အောင်သူဟိန်းတို့ ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။ အဲဒီအမှုနဲ့ မရှေးမနှောင်း ဖြစ်ပွားခဲ့တဲ့ လူငယ် ၆ ဦးကို ရဲက ရိုက်နှက်မှုကိုလည်း အရေးယူဖို့ အာဏာပိုင်တွေ စီစဉ်နေတယ်လို့ ဦးအေးမြင့်က ပြောပါတယ်။

“ဦးကောင်းဇံနဲ့ ဒုရဲအုပ် လေးယောက်ကို အချုပ်ထဲ ထည့်ထားတယ်၊ ရဲတရားရုံးမှာလည်း စစ်ပြီးပေမဲ့ အမိန့်မချရဲသေးဘူး၊ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ နေပြည်တော်ကနေ မှာထားတဲ့အတွက် အမိန့် စံပြချမယ်လို့ ရဲတပ်ဖွဲ့ဝင်တွေကပဲ ပြောတယ်။”

အခုလို ပဲခူးမြို့က ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အရာရှိတွေနဲ့တပ်သား ဘယ်နှစ်ယောက်ကို ထိန်းသိမ်းထားတယ်၊ ဘယ်လိုစစ်ဆေးနေတယ်ဆိုတာ စစ်အစိုးရဖက်က သတင်းမထုတ်ပြန်သေးပါဘူး။

ပဲခူးမြို့မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ စစ်တပ်က လူငယ် ၂ ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့မှု၊ ရဲတပ်ဖွဲ့ အရပ်သား လူငယ် ၆ ဦးကို ထိုးကြိတ်မှုတွေမှာ ကျူးလွန်ခဲ့တဲ့ စစ်ဖက်နဲ့ ရဲဖက်က အရာရှိတွေ၊ တပ်သားတွေကို ထိန်းသိမ်း ချုပ်နှောင်စစ်ဆေးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လမ်းပြကြယ် အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်ကို RFA မှ ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

နားထောင်ရန်
အသံဖိုင်ယူရန
အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ရှေ့တန်းတပ်ရင်းမှာ တပ်တွင်း ပစ်ခတ်မှုကြောင့် သေဆုံးမှုရှိ

ပဲခူးက အိမ်ဖော်မိန်းကလေးအမှု အာဏာပိုင်တွေ ဆက်လက်စုံစမ်းနေ

ဒီမိုကရေစီ ဖော်ဆောင်ရေး တပ်မတော် လက်ခံဖို့ လို

မသင်္ကာလို့ ဖမ်းထားသူတချို့ အစိုးရတပ်က ပြန်မလွှတ်သေး

ထိုင်း ကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံကို ထွက်ခွာ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးခရီးစဉ် ရလဒ် ကုလနဲ့ အမေရိကန် ကြိုဆို

ဒေါ်အောင်ဆန်းစုကြည် ပဲခူးခရီးစဉ်

ပဲခူးခရီးစဉ်အတွက် ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အစိုးရ၀န်ကြီး နဲ့ တွေ့ဆုံတဲ့ကိစ္စ အသေးစိတ်ပြောချိန် မရောက်သေး

ဥက္ကံ ရေဘေး BG ကွန်ယက်က ကူညီ