စစ်အစိုးရတပ်သားတဦး ဒီကေဘီအေထံ လက်နက်ချ

2011-01-05

တနင်္သာရီတိုင်း ရေးမြို့အခြေစိုက် ခမရ (၅၈၆) က တပ်သား ဝင်းရန်နိုင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ဗိုလ်မှူးချုပ် စောလားပွယ် ဦးစီးတဲ့ ဒီကေဘီအေ တပ်မဟာ ၅ ထံ လက်နက်ချ ခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)

တိုင်းရင်းသား ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရ တပ်ဖွဲ့တခု ဖြစ်ပါသည်။ (Photo: AFP)

စကခ (၁၉) လက်အောက်ခံ ခမရ (၅၈၆) အခြေစိုက်တပ်ရင်းမှာ အောက်ခြေတပ်သားတွေဟာ နည်းမျိုးစုံနဲ့ ဖိနှိပ်ခံရတယ်လို့ သိရပြီး၊ နေ့စဉ် တပ်ရင်း စီးပွားရေး အုတ်ဖုတ်တာကို လုပ်ကြရသလို၊ စားနပ် ရိက္ခာပိုင်းလည်း ခက်ခဲနေတယ်လို့ သိရပါတယ်။

တပ်သား ဝင်းရန်နိုင်ဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းက ကရင်ပြည်နယ် ဖာပွန်စစ်ဆင်ရေးမှာ ပါခဲ့ပြီးနောက်ပိုင်း ဒီကေဘီအေနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသတဝိုက်က ကွေတာအို စခန်းမှာ တာဝန်ကျခဲ့ပါတယ်။ သူတို့ တာဝန်ကျတဲ့ စခန်း တောင်ကုန်းမှာ သီတင်းပတ်များစွာ ရိက္ခာ ပြတ်တောက်နေတဲ့အတွက် ခံနိုင်ရည် မရှိတော့ပဲ ထွက်ပြေးလာတာလို့ သူကပြောပါတယ်။

ရှေ့တန်း စခန်းကုန်းမှာလည်း ထွက်ပြေးချင်တဲ့ အောက်ခြေတပ်သားတွေ များနေတယ်လို့ တပ်သား ဝင်းရန်နိုင်က ပြောပါတယ်။

တပ်သား ဝင်းရန်နိုင်နဲ့ RFA မှ ဦးဝင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

နားထောင်ရန်
အသံဖိုင်ယူရန
အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ထိုင်း မြန်မာနယ်စပ် ဂိတ်များ ဒီကေဘီအေ ပြန်ဖွင့်ပေး

ရှေ့တန်းတပ်ရင်းမှာ တပ်တွင်း ပစ်ခတ်မှုကြောင့် သေဆုံးမှုရှိ

မူးယစ်ဆေးကိစ္စ စစ်ဆေးပေးဖို့ DEA ကို ဒီကေဘီအေ ဖိတ်ခေါ်

ထိုင်းအာဏာပိုင်တွေထံ လက်နက်မချဟု ဗိုလ်မှူးချုပ် စောလားပွယ် ပြောဆို

ဗိုလ်ချုပ်စောလားပွယ်ကို ဖမ်းဆီးပေးဖို့ ထိုင်းက မြန်မာအစိုးရကို တောင်းဆို

ဒီကေဘီအေ ခေါင်းဆောင်ကို လွဲပြောင်းပေးဖို့ မြန်မာအစိုးရကို ထိုင်း တောင်းဆို

ဒီကေဘီအေ ခွဲထွက်အဖွဲ့ KNU ရဲ့ ဦးဆောင်ဆွေးနွေးမှုအတိုင်း လိုက်ပါဆောင်ရွက်မည်

အိန္ဒိယထောက်လှမ်းရေး လက်ချက်နဲ့ သေဆုံးသူ တော်လှန်ရေးသမားများအတွက် ဆွမ်းကပ်လှူ

KNU ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေး ဆွေးနွေး

ဒီမိုကရေစီ ဖော်ဆောင်ရေး တပ်မတော် လက်ခံဖို့ လို