0:00 / 0:00
ဂျပန် APF သတင်းထောက် Toru Yamaji ဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ တနင်္ဂနွေနေ့က မြဝတီမြို့မှာ ဖမ်းဆီးခံခဲ့ရတာပါ။
သူဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ သောင်ရင်းမြစ်ကို ကျော်ဖြတ်ပြီး မြဝတီမြို့ ကို တရားမဝင် ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။ သူ့ကို အခု ပြန်လွှတ်ပြီး ပြည်နှင်ဒဏ် ပေးလိုက်ပြီဖြစ်ကြောင်း၊ အခြေအနေတွေ ရှုပ်ထွေးနိုင်တဲ့အတွက် တစုံတရာ အရေးမယူခဲ့ကြောင်း မြန်မာအရာရှိတဦးက ပြောပါတယ်။
တိုကျိုမြို့ ဂျပန် APF သတင်းဌာနက တာဝန်ရှိသူ Hari Gaya ကလည်း သူ လွတ်မြောက်ကြောင်း RFA ကို အတည်ပြု ပြောပါတယ်၊ သူလွတ်မြောက်သွားပြီ ဖြစ်ပြီး အခုပဲ မဲဆောက်မြို့မှာ ရောက်နေပါပြီလို့ သူက ပြောပါတယ်။
သတင်းထောက် Toru Yamaji ဟာ ကျန်းမာရေး ကောင်းမွန်တယ်လို့လည်း APF သတင်းဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီအကြောင်း RFA မှ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
