အာဆီယံနိုင်ငံတွေအတွက် ဆိုက်ရောက်ဗီဇာ ထုတ်ပေးတော့မည်

အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက ခရီးသွားတွေနဲ့ လုပ်ငန်းရှင်တွေအတွက် လာမယ့် ဇွန်လကစပြီး ဆိုက်ရောက် ဗီဇာတွေ ထုတ်ပေးတော့မယ်လို့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက ပြောပါတယ်။

နိုင်ငံတကာ လေဆိပ်တွေမှာ ဆိုက်ရောက်ဗီဇာအတွက် ကောင်တာအသစ်တွေ ဖွင့်တော့မှာ ဖြစ်ကြောင်း၊ ဒီအတွက် စတင်ပြင်ဆင်နေပြီ ဖြစ်ကြောင်း၊ အစပိုင်းမှာ အာဆီယံနိုင်ငံတွေကိုပဲ ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှာဖြစ်ပေမဲ့ တဖြည်းဖြည်းနဲ့ တခြားနိုင်ငံတွေ အတွက်ပါ ဝန်ဆောင်မှု တိုးချဲ့ပေးသွားမှာဖြစ်ကြောင်း ဦးခင်ရီက ပြောဆိုပါတယ်။

မြန်မာ အာဏာပိုင်တွေဟာ ၂၀၁၀ ခုနှစ် အစပိုင်းကလည်း ဆိုက်ရောက်ဗီဇာစနစ် စတင်ခဲ့ပါတယ်။ ဒါပေမဲ့ လပိုင်းလောက်သာ ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲမတိုင်ခင် ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။