ဒါကြောင့်လည်း ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့ အိပ်ဖွင့်ပေးစာကို သက်ဆိုင်ရာ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေထံ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒုက္ခသည်များနဲ့ ပတ်သက်လို့ UNHCR ကကြိုးစားပြီး တတ်နိုင်သမျှ လုပ်ပေးဖို့ အလှူရှင် နိုင်ငံတွေကို မေတ္တာရပ်ခံထားပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က သောတရှင်တဦး အမေးကို ဖြေဆိုပါတယ်။ ဒိန်းမတ်နိုင်ငံက မခင်မိုးမိုး၊ လန်ဒန်မြို့က မသူဇာနိုင်၊ ဂျပန်နိုင်ငံက ကိုဝေဖြိုး ၊ အမေရိကန် ပြည်ထောင်စုက ကိုကျော်ဝင်း၊ ကိုဝင်းထိန်ဦးနဲ့ ကိုဂမ်ဆမ်တို့ (၆) ဦးရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားထားပါတယ်။
0:00 / 0:00
