ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေ မကြာခင်က တွေ့ဆုံ ဆွေးနွေးခဲ့ဲပြီး နောက်ပိုင်း အစိုးရက သူ့ကို အသုံးချနေတယ်လို့ ပြောဆိုသံ တချို့ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားပါ သလဲလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က - "အမေကတော့ အမေ့ကိုယ် အမေ အသုံးချခံရတယ်လို့ မမြင်ပါဘူး။ ပူးတွဲပြီးတော့ဘဲ လုပ်ဆောင်တယ်လို့ မြင်ပါတယ်။ တကယ်ဘဲ အသုံးချခံရတယ် ဆိုရင်တောင်မှ တိုင်းပြည်အတွက် အသုံးချခံရတယ် ဆိုရင် မနှစ်မြို့စရာ အကြောင်း မရှိပါဘူး။ ယုံကြည်ချက်အတွက် ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ " သောကြာည နဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း RFA က ထုတ်လွှင့်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ် အတွက် သောတရှင် တယောက်က မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။