ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် စတုတ္ထအကြိမ် တွေ့ဆုံမည်

2011-10-28

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ အစိုးရ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည် တို့ဟာ အောက်တိုဘာ ၃၀ ရက် တနင်္ဂနွေနေ့  မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းမှာ ရှိတဲ့ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံ ဆွေးနွေးမယ်လို့  သိရပါတယ်။

AFP

၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်တို့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့စဉ် ဖြစ်ပါသည်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိသူတွေက ရန်ကုန် အခြေစိုက် စာနယ်ဇင်းတွေနဲ့ သတင်းထောက်တွေကို ဖိတ်ကြားထားတယ်လို့ အမည်မဖော်လိုတဲ့ ပြည်တွင်းထုတ် အပတ်စဉ် ဂျာနယ်တစောင်က အယ်ဒီတာတဦးက ပြောပါတယ်။

စာပေစိစစ်ရေးက တနင်္ဂနွေနေ့ တနာရီလို့ အကြောင်းကြားထားတဲ့အကြောင်း၊ ပြီးခဲ့တဲ့ တွေ့ဆုံပွဲက တရားဝင် မထုတ်ပြန်ပေမယ့် ဒီတကြိမ်မှာ နိုင်ငံရေးအကျဉ်းသားများ ကိစ္စနဲ့ NLD က ရွေးကောက်ပွဲဝင် မ၀င် ပြောမယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

ဒီလို တွေ့ဆုံ ဆွေးနွေးမယ့် သတင်းကို ပြည်တွင်းထုတ် ဂျာနယ်တစောင်ဖြစ်တဲ့ Eleven Weekly ဂျာနယ်ရဲ့ အင်တာနက် စာမျက်နှာမှာလည်း ဒီကနေ့မှာ ရေးသား ဖော်ပြထားပါတယ်။

တကယ်လို့သာ တွေ့ဆုံခဲ့ရင် တနင်္ဂနွေနေ့ တွေ့ဆုံမှုဟာ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရသစ် လက်ထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ရဲ့  စတုထ္ထအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပါတယ်။

ဒါပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် NLD က ဗဟို အလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဟန်သာမြင့် ကတော့ ဒါဟာ တာဝန်ရှိသူတွေဖက်က သတင်းဂျာနယ်တွေကို အကြောင်းကြားတာ ဖြစ်ပြီး NLD အနေနဲ့ တရားဝင် မသိရှိရသေးဘူးလို့ RFA ကို ပြောကြားပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို

NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးဖို့ရှိ

KNU ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်