အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမှာ ပြုလုပ်တဲ့ Council of Foreign Relations နိုင်ငံခြားရေး မူဝါဒ ပညာရှင်များ စည်းဝေးပွဲ အတွင်း ဗီဒီယိုက တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်က မိမိအနေနဲ့ တွေ့ဆုံ ဆွေးနွေးမှုကို ယုံကြည် လက်ခံသူ ဖြစ်တဲ့ အတွက် အမေရိကန် အစိုးရနဲ့ မြန်မာ အစိုးရတို့ အခုလို ဆွေးနွေးကြတာကို ဝမ်းမြောက် ဝမ်းသာ လက်ခံကြောင်း မနေ့က ပြောသွားပါတယ်။ အစိုးရ အရာရှိတွေ၊ အသိပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေ အပါအဝင် စုစုပေါင်း ပရိသတ် ၂၀၀ ကျော်ခန့် တက်ရောက်ကြတဲ့ အဲဒီ စည်းဝေးပွဲမှာ တက်ရောက်လာသူများက မြန်မာနိုင်ငံ အခြေအနေ အရပ်ရပ်နဲ့ ပတ်သက်လို့ မေးမြန်းကြတာတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားသွားပါတယ်။ အဲဒီ နိုင်ငံခြားရေး မူဝါဒ ပညာရှင်များ စည်းဝေးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားတဲ့ အချက်အလက်တချို့ကို အာအက်ဖ်အေ အဖွဲ့သား ဦးခင်မောင်ညိန်းက ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။
0:00 / 0:00