ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာ ရှိတဲ့ မြန်မာနိုင်ငံ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ သာသနာ့ ရိပ်သာကို ဒီကနေ့ သွားရောက်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။
2012-08-04
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

အဲဒီအခမ်းအနားဟာ မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေမှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေး ကိစ္စတွေမှာ ခရစ်ယာန် အသင်းအဖွဲ့တွေ အနေနဲ့ ဘယ်လိုအခန်းကနေ ကူညီပါဝင် ဆောင်ရွက်နိုင်မလဲ ဆိုတာတွေကို အဖြေရှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် လူတိုင်းက ၀ိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်တယ်လို့ ဆွေးနွေးပွဲအပြီးမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောကြားခဲ့ပါတယ်။

"ဘယ်ကောင်စီမဆိုပေါ့နော်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကြိုးစားတယ်ဆိုလို့ ရှိရင်တော့ အန်တီတို့ကတော့ ကျေးဇူးတင်တာပဲ။ လူတိုင်းက အားလုံး ၀ိုင်းပြီးတော့ ကြိုးစားပေးရမယ်လို့ ယုံကြည်လို့ပါ။"

အခမ်းအနားကို ကမ္ဘာ့ ခရစ်ယာန် အသင်းတော်များ ကောင်စီ၊ အာရှခရစ်ယာန် အသင်းတော်များ ကောင်စီနဲ့ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီတို့ ပူးပေါင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

Yes, I totally agree with Amay Suu, any council which try to peace to our country and any religion in you are, but try to peace our country, we are thank you very much, and welcome. No matter who we are, if we were born in Myanmar, we all are make in Myanmar right?

Aug 05, 2012 01:35 AM