ဒေါ်အောင်ဆန်းစုကြည် အမေရိကန် လွှတ်တော် ရွှေတံဆိပ်ဆုလက်ခံရယူ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်လွှတ်တော်က ၂၀၀၈ ခုနှစ်တုန်းက ချီးမြှင့်ခဲ့တဲ့ ရွှေတံဆိပ်ဆုကို ဗုဒ္ဒဟူးနေ့ ညနေပိုင်းက ကိုယ်တိုင် တက်ရောက် လက်ခံခဲ့ပါတယ်။ ဒီဆုဟာ အမေရိကန် ပြည်ထောင်စုမှာ အရပ်ဘက် ပြည်သူတွေကို ပေးအပ်တဲ့ အမြင့်ဆုံးဆု ဖြစ်ပါတယ်။
2012-09-19
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
assk-congressional-gold-medal-091912-b305
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်က ဝါရှင်တန် ဒီစီရှိ ကွန်ကရက်စ်လွှတ်တော် Rotunda ခန်းမတွင် Congressional gold medal ဆုကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူပြီး တွေ့ရစဉ်။
AFP

မည်းမှောင်တဲ့ နှစ်ကာလတွေအတွင်း မြန်မာပြည်သူတွေ လွတ်လပ်မှုနဲ့ တရားမျှတမှုကို လက်လှမ်းမမီ ဖြစ်နေချိန်မှာ မိမိတို့ကို စိတ်ထဲ နှလုံးထဲ ထည့်ပေးထားဖော်ရတဲ့ အမေရိကန်ပြည်သူတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်နေချိန်အတွင်း ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရှေ့ကို လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း၊ ရှေ့ခရီးမှာ အခက်အခဲတွေ အများကြီး တွေ့ရမှာ ဖြစ်ပေမဲ့ မိတ်ဆွေတွေရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ ဆူးညှောင့်ခလုတ်တွေကို ကျော်လွှားနိုင်မယ်လို့ စိတ်ချထားကြောင်း၊ ကမ္ဘာ့နေရာ အများအပြားမှာ လွတ်လပ်မှုဆိုတာ စိတ်ကူးထဲက အိပ်မက်တစ်ခုသာ ဖြစ်နေသေးပေမဲ့ ဒီမိုကရေစီဟာ အားလုံးရဲ့ မျှော်လင့်ချက် လမ်းညွှန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်လွှတ်တော် ရွှေတံဆိပ်ဆု လက်ခံပွဲ အကြောင်းကို နားဆင်နိုင်ပါတယ်။

တင်ပြချက်။
အသံဖိုင်ယူရန်။

အမေရိကန်လွှတ်တော် ရွှေတံဆိပ်ဆု လက်ခံပွဲမှာ ပြောကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း အပြည့်အစုံကိုလည်း နားဆင်နိုင်ပါတယ်။

တင်ပြချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်