ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ပြဿနာ ညှိနှိုင်းအဖြေရှာဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးနဲ့ ပတ်သက်ပြီး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ဆွေးနွေး အဖြေရှာကြဖို့ ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
2012-08-27
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
assk-parliament-0820-b305
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။
RFA

ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး အငြင်းပွားတာတွေ၊ သဘော မတူညီတာတွေ၊ ပြဿနာတွေ တက်တာဟာ မထူးဆန်းကြောင်း၊ စိတ်ပျက် ကြောက်ရွံ့စရာလည်း မရှိကြောင်း၊ အရေးကြီးတာက အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာဖြစ်ကြောင်း၊ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ဒီမိုကရေစီ စံနှုန်း စံထားတွေနဲ့ ကိုက်ညီပါရဲ့လား။ တကယ့်ကို ပြည်သူ ပြည်သားတွေရဲ့ အေးချမ်း သာယာရေးကို ဦးတည်ရဲ့လား ဆိုတာကို စဉ်းစားပြီးတော့ ဖြေရှင်းရမှာ ဖြစ်ကြောင်း စသဖြင့် ပြောကြားပါတယ်။

ဒါ့အပြင် ပြဿနာ ဖြေရှင်းပုံ ဖြေရှင်းနည်း မှန်ကန်မှုရှိရင် နိုင်ငံရဲ့သိက္ခာလည်း တက်လာမှာ ဖြစ်တဲ့အပြင် ပြည်သူတွေကလည်း ဒီဖြေရှင်းပုံ ဖြေရှင်းနည်းရဲ့ ရလဒ်ကို တလေးတစားနဲ့ လက်ခံမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ သူက အဓိက အရေးကြီးတာကတော့ ပြည်သူတွေဖြစ်တယ်။ ပြည်သူတွေ အတွက်ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူတွေရဲ့ လေးစားမှုကို ရရှိနိုင်မှ ပြည်ထောင်စု လွှတ်တော်ဆိုတဲ့ ဂုဏ်နဲ့ကိုက်ညီမှာ ဖြစ်ပါတယ်။

ဒါကြောင့် အခု မိမိတို့အတွင်း ပြဿနာရှိနေတာ မှန်ပေမယ့် ဒီပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အားလုံးဟာ သဘောထားကြီးကြီး၊ အမြော်အမြင်ရှိရှိနဲ့ ဖြေရှင်းဖို့ကို ဦးတည်ကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့ပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

ကောင်းပါသည်၊ စိတ်ပျက်ဖို့

Sep 10, 2012 02:41 AM

Aung

နေရပ်- N/Dagon

This is call National Leader.

Aug 30, 2012 10:45 AM

ကိုစုချစ်

နေရပ်- MKA

ခေါင်းဆောင်ကောင်းပီသလွန်းတဲ့ဒို့အမေစုရဲ့စိတ်ထားပါ။

Aug 29, 2012 01:04 AM

sai myat aye66

နေရပ်- yangon

aunty su talk is right.

Aug 28, 2012 11:25 AM

ဦးလင်းနိုင်

နေရပ်- နေပြည်တော်

တကယ်ကိုမှန်ကန်ပြီး မှတ်သားထိုက်တဲ့ စကားတွေပါပဲ၊ အမေရိကန်လို ဒီမိုကရေစီကျင့်သားရနိုင်ငံတွေမှာတောင် အခုလိုပွတ်တိုက်မှုမျိုးတွေရှိတတ်ပါတယ်၊ အဓိကက အစွဲကင်းကင်းနဲ့ ပြည်သူ့အကျိုးနိုင်ငံအကျိုးကို ဦးထိပ်ထားဖို့ပါပဲ

Aug 28, 2012 11:21 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.