အင်ဒိုနီးရှားနိုင်ငံမှာ ရှိနေစဉ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ - " မြန်မာနိုင်ငံဟာ ဒီမိုကရေစီ စတင်ပွင့်လန်းလာတဲ့ တောက်ပတဲ့ အလင်းရောင်တစ်ကွက် ဖြစ်ပါတယ်။ လက်ရှိ ခေါင်းဆောင်ဟာ အင်မတန်အလုပ်ကြိုးစား၊ သည်းခံမှုနဲ့လည်းပြည့်စုံ၊ တိုင်းပြည်မှာ ဒီမိုကရေစီ အပြည့်အ၀ ပွင့်လန်းလာတာကို မြင်ချင်နေသူပါ။ အခု ပွင့်စပြုလာတာကို မြင်နေရပါပြီ။ ဒီအချိန်ဟာ မြန်မာပြည်ကို သွားရောက်ဖို့ သင့်တော်တဲ့ အချိန်ပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ မြန်မာ့ဒီမိုကရေစီလမ်းကြောင်း နောက်ပြန်မဆုတ်ရအောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူအကွဆောင်ရွက်ဖို့ မျှော်လင့်ကြောင်းလည်း ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်းက ပြောဆိုခဲ့ပါတယ်။
မစ္စတာ ဒေးဗစ်ကင်မရွန်းဟာ မြန်မာ့ ၁၉၉၀ ရွေးကောက်ပွဲ ပြီးကတည်းက နှစ် ၂၀ အတွင်း မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ ဗြိတိန် နိုင်ငံရေးခေါင်းဆောင် ဖြစ်ပါတယ်။
နိုင်ငံခြားကုမ္ပဏီတွေ မြန်မာနိုင်ငံကို အလုအယက် သွားရောက်နေကြတာနဲ့အမျှ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ သူနဲ့အတူ ဗြိတိန်စီးပွားရေး အဖွဲ့တစ်ဖွဲ့လည်း ပါဝင်ဖွယ်ရှိပါတယ်။
