ဒေါ်အောင်ဆန်းစုကြည်က ကချင် စစ်ဘေးဒုက္ခသည်တွေကို ထပ်လှူ

အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကချင်ဒေသက စစ်ဘေးဒဏ်သင့် ဒုက္ခသည်တွေအတွက် နောက်ထပ်ငွေ ကျပ်သိန်း ၂၀၀ လှူဒါန်းလိုက်ကြောင်း သိရပါတယ်။

2012.03.13
assk-kachin-b305 ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ကချင်လူထုက ကြိုဆိုနေစဉ်။
AFP

အဲဒီ အလှူငွေတွေကို ကချင်ဒုက္ခသည်တွေထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းဖို့ မန္တလေးတိုင်း အန်အယ်လ်ဒီ စည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြကို တာဝန်ပေးလိုက်ကြောင်း၊ လာမယ့် ၁၅ ရက် ကြာသပတေးနေ့မှာ မြစ်ကြီးနားကို သွားရောက်မှာဖြစ်ကြောင်း ဒေါ်ဝင်းမြမြက အာအက်ဖ်အေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မှာကြားထားတဲ့အတိုင်း အခက်အခဲဆုံးနေရာတွေအထိ အလှူငွေရောက်အောင် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ကချင်ဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့အခုလှူဒါန်းမှုဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး မနှစ်တုန်းက သိန်း ၃၀၀ တစ်ကြိမ်၊ ပြီးခဲ့တဲ့ဖေဖော်ဝါရီက သိန်း ၁၀၀ တစ်ကြိမ်နဲ့ အခု သိန်း ၂၀၀၊ စုစုပေါင်း သိန်း ၆၀၀ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-03-13 10:06

ဘယ်က ပိုက်ဆံတွေရတာလဲ။ NLD ရဲ့ ငွေဝင်ငွေထွက်စာရင်းကို လူတွေသိဖို့ လိုလာပြီနော်။ အနောက်နိုင်ငံတွေက တိတ်တိတ်ပုန်း ထောက်ပံ့နေတာ မဟုတ်ဖို့လိုတယ်နော်။