ကမ္ဘာ့စီးပွားရေး ထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် ဗီဒီယို မိန့်ခွန်းပြော

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ World Economic Forum ထိပ်သီးညီလာခံမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက် ဗီဒီယိုမိန့်ခွန်း ပြောကြားခဲ့ပါတယ်။

2012.01.26
assk-ecoforum-b305 ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကျင်းပနေသည့် ကမ္ဘာ့ခေါင်းဆောင်များနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီး များ၏ World Economic Forum ထိပ်သီးညီလာခံတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက် ဗီဒီယို မိန့်ခွန်းပြောကြားနေစဉ်။
RFA

အဲဒီမိန့်ခွန်းမှာ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ စတင်နေပြီ ဖြစ်တဲ့အကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေး၊ တရားဥပဒေ စိုးမိုးရေးစတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အဆင့်တချို့ကို ဖြတ်ကျော်ပြီးကြောင်း နောက်နှစ်လောက်မှာ စတင် ပြောနိုင်ပါလိမ့်မယ်။ ကြီးမားတဲ့ အပြောင်းအလဲ အဆင့်ကိုတော့ မရောက်သေးပါဘူး။ ဒါပေမယ့် အဲဒီလို အဆင့်ကို ရောက်ဖို့အတွက် အင်မတန် တန်ဖိုးရှိလှတဲ့ အခွင့်အရေးကို မိမိတို့အားလုံး ရထားပါပြီ" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ဒီနှစ် ဒါဗို့စ်ညီလာခံမှာ မြန်မာအစိုးရ စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်းလည်း တက်ရောက်တဲ့ အချက်ဟာ မြန်မာနိုင်ငံမှာ ပြောင်းလဲနေပြီ ဆိုတာကို မီးမောင်းထိုးပြ လိုက်တာပါလို့ ပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း အလားတူ ဒါဗို့စ် ကမ္ဘာ့စီးပွားရေး ထိပ်သီးညီလာခံကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒီနှစ် ညီလာခံကို နိုင်ငံပေါင်း ၄၀ ဝန်းကျင်က နိုင်ငံခေါင်းဆောင်တွေနဲ့ ကမ္ဘာ့စီးပွားရေး ကုမ္ပဏီကြီးတွေက ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၆၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။